Chapter - 11

2.5K 324 33
                                    

7th day or D day .

ကျလိ ကျလိ ..

ပြတင်း​ပေါက်​နားက မနက်​ခင်း ငှက်​က​လေး​တွေရဲ့ တွန်​မြည်​သံ​ကြောင့်​ အိပ်​ရာကနိုးလာရင်း ပင်းပန်း​နေလို့ မဖွင့်​ချင်​တဲ့ မျက်​လုံးကို အတင်းအားယူ ဖွင့်​လိုက်​ရတယ်​။ 

နေ​ရောင်​ခြည်​က စူးရှစွာ မျက်​လုံးထဲဝင်​လာတာ​ကြောင့်​ လက်​တစ်​ဖက်​နဲ့ကာလိုက်​ရင်း အလင်း​ရောင်​နဲ့​နေသားကျ​အောင်​ ခဏငြိမ်​​နေလိုက်​တယ်​။

ကျန်​လက်​တစ်​ဖက်​က တစ်​ခုခု ဖိထားသလို ​လေးပြီး ထုံကြင်​​နေတာ​ကြောင့်​ လှည့်​ကြည့်​လိုက်​​တော့ က​လေး​လေးလို ကျွန်​​တော့်​လက်​​မောင်း​ပေါ်မှာဖြူစင်​စွာအိပ်​ ​မောကျ​နေတဲ့ ကျွန်​​တော့ဝဲဘက်​နှလုံးခုံသံ Baekhyun.

Baek နိုးသွားမှာဆိုးလို့ အသာအယာဘဲ သူ့ဘက်​လှည့်​ပြီး အိပ်​​ပျော်​​နေတဲ့သူ့မျက်​နှာ​လေးကို ​ငေးကြည့်​​နေမိတယ်​။ ခြုံထားတဲ့​စောင်​ဖြူဖြူ ​နဲ့အပြိုင်​ ​ဖွေးပြီးနုညံလှတဲ့ သူ့အသားအရည်​ ။ နှဖူး​ပေါ်ဝဲကျ​နေတဲ့ အညို​ရောင်​ ဆံသားနုနုက သူ့မျက်​​လေးကိုပိုပြီး လင်း​စေသ​ယောင်​ ။ နှာ​ခေါင်းလုံးလုံး​လေးမျက်​ခွံမို့မို့​လေး ​နောက်​ဆုံး အကြည့်​တို့အဆုံးသတ်​ရာက နှင်းဆီဖူး​လေးလို နီနီရဲရဲ ​လေးဖြစ်​​နေတဲ့ နှုတ်​ခမ်းပါးပါး ။

ကြည့်​​နေရင်း စိတ်​အလိုကျ မျက်​နှာနားကပ်​သွား​တော့ နှုတ်​ခမ်းချင်း ထိဖို့ လက်​မဝက်​စာ​တောင်​မလိုတဲ့အချိန်​မှာ ဖျက်​ကနဲ့ Baek မျက်​လုံး ​လေး​တွေပွင့်​လာတာ​ကြောင့်​ ကျွန်​​တော်​ ရပ်​တန့်​သွားရတယ်​။

ကျွန်​​တော့်​မျက်​နှာ အနီးကပ်​ကြီး မြင်​​တွေ့လိုက်​ရတာ​ကြောင့်​ အံသြပြီးကြည့်​​နေတဲ့ သူ့မျက်​စိ​လေး​တွေ အတင်းပြန်​စုပိတ်​လိုက်​တဲ့အချိန်​မှာ ကျွန်​​တော့်​နှုတ်​ခမ်းထူထူက သူ့နှုတ်​ခမ်းပါးမှာ နားခိုလို့ ။ အလိုဆန္ဒ ရမ္မက်​​တွေ မပါတဲ့ ဖြူစင်​တဲ့အနမ်း ​ကို ချစ်​ရသူအတွက်​မနက်​ခင်းလက်​​ဆောင်​ပါ။

Only 7 DAYSWhere stories live. Discover now