Chapter 8

2.5K 324 15
                                    

Fifth day ...

6:00.... 6:30...7:00Am

. ​စောင့်​​နေခဲ့တယ်​ .. 'Park chan yeol shi .' လို့​အော်​​ခေါ်ပြီး ပါးစပ်​က ပွစိပွစိ ​ပြောရင်း မနက်​ခင်းလာနိုးမယ့် Baek ကို သူ​စောင့်​​နေခဲ့တယ်​ . ဒါ​ပေမယ့်​ အချိန်​​တွေသာကြာသွားတယ်​ Baek ရဲ့ ​ခြေသံ​လေး​တောင်​မကြားရ ။ မ​နေ့က ခွင့်​မ​တောင်းဘဲ နမ်းခဲ့မိတဲ့အတွက်​ သူ့ကို စိတ်​ဆိုး​နေတာလား . ဒါမှမဟုတ်​ မျက်​နှာချင်းမဆိုင်​ချင်​တာလား ..

'လား ​'ပေါင်းများစွာနဲ့ဦး​နှောက်​ကို အလုပ်​​ပေး​နေရင်း မ​စောင့်​နိုင်​​တော့တာမို့ ​ကျွန်​​တော်​ အိမ်​​အောက်​ကိုဆင်းသွားလိုက်​တယ်​ ။

တွေ့ပါပိ .မီးဖို​ချောင်​ထဲမှာ အလုပ်​ရှုပ်​​နေတဲ့ သူ့ကို ..။မနက်​စာ ပြင်​​နေတဲ့ထင်​ပါရဲ့ . အဲ့တာနဲ့ သူ့အ​နောက်​နားသွားလိုက်​ပိး

'အဟမ်း အဟမ်း '

အသံပြုလိုက်​​တော့ Baek လှည့်​ကြည့်​ လာတယ်​ . ကျွန်​​တော့်​စိတ်​ထင်​ သူ့မျက်​လုံး​တွေ မို့​နေသလားလို့ ..

'​အော်​ yeol နိုးပိလား .. ခဏ​နော်​ မနက်​စာ ရ​တော့မယ်​ '

ပြောပြီးတာနဲ့ ပြန်​လှည့်​သွားတဲ့​Baek .. ခု Baek ကတစ်​မျိုးဘဲ ခါတိုင်းလို ရွှင်​ရွှင်​မြူးမြူး မရှိသလိုဘဲ . မ​နေ့က နမ်းလိုက်​မိတဲ့ကိစ္စ​ကြောင့်​လား . ကျွန်​​တော်​နမ်းတာကို သူမကြိုက်​ဘူးလား .. ကျွန်​​တော်​​မျှော်​လင့်​ခဲ့တာ ဒီလိုအ​ခြေ​နေမဟုတ်​ဘူး​လေ . မနက်​နိုးလာရင်​ သူ့ကို အနမ်း​လေးနဲ့နှုတ်​ဆက်​မယ်​ ပြီးရင်​ သူ့ကိုချစ်​တဲ့အ​ကြောင်း​တွေ ဖွင့်​​ပြောမယ်​ .ကျွန်​​တော်​ ဆုံးဖြတ်​ထားတယ်​ သူ့ကိုဖွင့်​​ပြော​တော့မယ်​လို့ .ကျွန်​​တော်​ ကျွန်​​တော့ နှလုံးသားကို ထပ်​ပြီး မညာ​တော့ဖို့ .။

ဒါ​ပေမယ့်​ Baek က ကျွန်​​တော်​နမ်းတာကို မကြိုက်​ဘူးဆို​တော့ ကျွန်​​တော်​ဘာဆက်​လုပ်​သင့်​လဲ ..​တောင်းပန်​ရမှာလား ဖွင့်​​ပြောရမှာလား
....................................................................

ကျွန်​​တော်​ yeol ကို ဒီ​နေ့ တက်​မနိုးဖြစ်​ဘူး ။ သူ့မျက်​နှာကို မြင်​ရင်​ မ​နေ့က အ​ကြောင်း​တွေးမိပြီး ဝမ်းနည်းရင်​ သူ့​ရှေ့မှာ ငိုမိမှာစိုးလို့ ... သူ့ဘက်​က မရည်​ရွယ်​ခဲ့​ပေမယ့်​ ကျွန်​​တော့ဘက်​က စိတ်​ရင်းအမှန်​ ဖြစ်​ခဲ့တာမို့ သူ့ရဲ့​တောင်းပန်​ပါတယ်​ဆိုတဲ့စကားကို ကျွန်​​တော့နှလုံးသားက ခံနိုင်​ရည်​မရှိဘူး ။

Only 7 DAYSWhere stories live. Discover now