Chapter -9

2.4K 304 21
                                        

6th day ..

မနက်ခင်းနေေ၇ာင်ခြည်က လိုက်ကာကိုတောင်ကျော်ဖြတ်ပြီး မျက်လုံးကို ထိုးနေတာကြောင့် မဖွင့်ချင်သော မျက်လုံးကို အတင်းဆွဲဖွင့်၇င်း ကုတင်ခေါင်းရင်းက နာရီကို ယူကြည့်မိတော့ ၇ နာ၇ီ ခွဲနေ့ပြီ။

မနေ့ညက အ​တွေးများရင်း တော်၇ုံနှင့် အိပ်မပျော်သောကြောင့် မနက်နောက်ကျမှ နိုးပုံပင်။ ဒါနဲ့ဘဲ မနက် ကိုယ်လက်သန့်ရှင်း ပြီးတော့ မနက်စာပြင်ဖို့ အိမ်အောက်ထပ် ဆင်းလာခဲ့တယ်။
မီးဖိုချောင်ထဲရောက် ရောက်​ ချင်း မြင်လိုက်ရတဲ့ Yeol ကြောင့် အံသြ သွား၇တယ်။ Yeol ၇ယ်လေ အေပရွန်ကြီး ၀တ်ပြီး ဘာတွေချက်နေမှန်းမသိ ချက်နေတာ။

'Yeol.... '

'အော် Baek နိုးလာပြီလား။ ကိုယ်က မနက်စာလုပ်ပြီး၇င် လာနိုးမလို့ဘဲ ခုထိကို မနက်စာက ပြင်လို့ ကိုမပြီးသေးတာ ဟီး'

ကျွန်တော့ေ၇ှ့မှာ ရှိနေတာ Yeol မှ ဟုတ်၇ဲ့လား ။ ရယ်ပြနေတာများ မျက်လုံးလေးတွေတောင် ပိတ်တဲ့အထိ။လုံးဝ ပိဘိ ကလေးငယ်လေးအတိုင်း။

'ဟင် Yeol က ဘာလို့ မနက်စာ ပြင်နေတာလဲ။ ဖယ်ပါ ငါဘဲ လုပ်ပါ့မယ်။ '

'အာ မလုပ်၇ပါဘူး။ ကိုယ် Baek ကို မနက်စာပြင်ကျွေးချင်လို့ပါ။ Baek က လာ စားပွဲခုံမှာဘဲထိုင်စောင့်နေ။'

ကျွန့်တော့်ကို ပြောရင်း အတင်းခုံပေါ်မှာထိုင်ခိုင်းနေတဲ့ Yeol ကြောင့် ဘာမှပြောမနေတော့ဘဲ ထိုင်ခုံမှာ ထိုင်နေရင်း ကျွန်တော့်ကို ကျောပေးပြီးဟင်းချက်နေတဲ့ Yeol ကို ငေးကြည့်နေမိတယ်။

ကျွန်တော် ဘာကြောင့် Yeol ကို အမြဲ နောက်ကျောကိုဘဲ ငေးကြည့်နေရတာလဲ ။အနားမှာ၇ှိနေပေမယ့် ကိုယ်နဲ့ အဝေးဆုံးကိုေ၇ာက်နေသလို။ နီးနေပိလို့ ထင်နေ၇ပေမယ့် တစ်ဖြေးဖြေး အဝေးကိုပိုရောက်သွားသလို။

ကျွန်တော် ခုချိန်မှာ နောက်ကျောကို ငေးကြည့်နေ၇ပေမယ့် နောက်တစ်ပတ် ဆို ဒီနောက်ကျောလေးကိုတောင် ငေးကြည့်ခွင့် ရနိုင်ပါ့မလား။ သူ့အပြုံး​တွေကို​ရော မြင်​​နေခွင့်​ရနိုင်​ပါအုံးမလား ။

စဉ်းစားရင်း မျက်ရည်က ၀ဲလာတာကြောင့် အမြန်မျက်တောင်ခတ်ရင်း ကျလာတော့မယ့် မျက်ရည်တွေကို တားဆီးလိုက်၇တယ်။ Yeolေ၇ှ့မှာတော့ သူထပ်မငိုချင်တော့ပါ။

Only 7 DAYSTahanan ng mga kuwento. Tumuklas ngayon