ကြာခဲ့ပြီ သူ့ကိုမတွေ့ရတာ . ဒီ ချယ်ရီပင်လမ်းလေးမှာ တစ်ယောက်တည်း လာစောင့်နေခဲ့တာ ၃ နှစ်တာ ကြာခဲ့ပိ။ ဘာအသံမှ မပေးဘဲ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တဲ့သူကို ပြန်လာမယ်လို့ သေချာရေရာမှုမရှိတဲ့ အခြေအနေမှာ မိုက်ရူးရဲစွာ စောင့်နေခဲ့တယ်။
*ရေစက်ရှိလို့ ဆုံခဲ့ပြီးပြီး *
*ဖူးစာပါလို့ချစ်ခဲ့ပြီးပြီ *
*ဝဋ်ကြွေး ရှိတော့လည်းလွမ်းရအုံးမှာပေါ့ **မင်းကို လွမ်းရတာ *
*ဝဋ်ကြွေး ဆိုရင်တောင် *
*လှပတဲ့ ဝဋ်ကြွေးတစ်ခုပါ Yeol ...*ရက် ၁၀၀ ပြည့်ကိတ်မုန့်ကို သူ့ဆီပို့ပြီးနောက်ရက်မှာ ဖြစ်ခဲ့သမျှအကြောင်းစုံ ဖွင့်ပြောမယ်လို့ သတ္တိမွေး အားတင်းပြီးသွားခဲ့ပေမယ့် သူ့ကိုဆီးကြိုနေခဲ့တာ သူမြတ်နိုး လွမ်းဆွတ်တမ်းတနေရတဲ့ မျက်နှာတစ်ခုအစား ကျွန်တော့်ရဲ့တွေဝေမှုကို လှောင်ရယ်နေခဲ့တဲ့ သောခလောက် ခပ်ကြီးကြီးတစ်ခုသာ ။
ဘယ်ရောက်သွားသလဲ ။ ဘယ်ကိုထွက်သွားခဲ့သလဲ။ ဘာကြောင့်ထွက်သွားခဲ့သလဲ ။
မေးခွန်းပေါင်းများစွာနဲ့ အသက်ရှုနေခဲ့ရတာ ၃ နှစ်တာ ဆိုတဲကာလကို ကျော်လွန်ခဲ့ပိ ။ အရင်ကတော့ အသက်မရှင်နိုင်လောက်အောင် ဖြစ်ခဲ့ပေမယ့် အခုအခါတော့ ရင်ခုန်သံတွေဟာ တည်ငြိမ်လို့ သူ့ကိုသေမတတ်လွမ်းနေတယ်ဆိုတာ မပေါ်အောင် ဟန်ဆောင်နိုင်ခဲ့ပြီ။ သူနဲ့မတွေ့ခင်ကအချိန်တွေလို ဖြူစင်တဲ့အပြုံးတွေကို လူတွေရှေ့ ပြုံးပြနိုင်အောင် လေ့ကျင့်ထားတယ်။
ဒါပေမယ့်လည်းတနင်္လာနေ့တိုင်း ချယ်ရီပင်လမ်းကိုသွားပြီး အတူထိုင်ခဲ့ဖူးတဲ့နေရာမှာ သူကိုမှန်းမျှော်ရင်း ချယ်ရီပင်ကြီးကို သူ့ကိုလွမ်းတဲ့အကြောင်းတွေ ပြောပြမိတုန်း။
Cake မုန့်ဆိုင်က ဦးလေးကြီးတောင် Cake မှာထိုးတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့နာမည်ကို အလွတ်ရနေခဲ့ပြီ။
BINABASA MO ANG
Only 7 DAYS
Fanfictionအကယ်၍ သင်သာ သင့်ချစ်တဲ့သူကို 7 ရက်ဘဲချစ်ခွင့်ရမယ်ဆို သင်ဘယ်လိုလုပ်မှာလဲ ??? သင့်ချစ်သူက သင့်ကို 7ရက်ကြာပြိတဲ့နောက်မှာ သင့်ကို တစ်ခါမှမသိခဲ့ဘူးတဲ့သူတစ်ယောက်လိုဖြစ်သွားမယ်ဆိုရင်ကော ?? သင်ဘာဆက်လုပ်မှာလဲ ?? စွန့်ပစ်သွားမှ...