Chapter -3

2.7K 329 9
                                    

'လူးသားချင်းအတူတူ ​ပျော်​ရွှင်​မှုကို ခံစားခွင့်​မရတဲ့ ကိုယ့်​ဘဝကိုယ်​ မုန်းတယ်​ .... '

Park Chan Yeol တစ်​​ယောက်​ မနက်​က ​မျက်​လုံး​မှေး​မှေးနဲ့ ​ကောင်​​လေး လာပို့သွားတဲ့ ​ကော်​ဖီခွက်​ ကို အစပြုလို့ ကိုယ့်​ ဘဝအ​ကြောင်း​တွေးမိရင်း မျက်​ရည်​တစက်​ လက်​ဖမိုး​ပေါ် ​ကြွေကျသက်​ဆင်းရတယ်​ .

လက်​ထဲကဝိုင်​ခွက်​ ကုန်​သွားလို့ စားပွဲ​ပေါ်လှမ်းတင်​​တော့ ​အေးစက်​​နေတဲ့ ​ကော်​ဖီခွက်​တစ်​ခွက်​က သူ့ကို အသင့်​​စောင့်​ကြို​နေတယ်​ . ​သောက်​ဖို့ လက်​လှမ်းလိုက်​တဲ့အချိန်​ ​​ကော်​ဖီခွက်​ ​ဘေးနားမှာရှိတဲ့ ဒိုင်​ယာရီ စာအုပ်​က သူ့ကို မ​သောက်​သုံးဖို့ သတိ​ပေး​နေသလို ..

'Hak !'

ဟုတ်​သားဘဲ​လေ သူဘဝက ချိုမြိန်​မှု​တွေကို ခံစားခွင့်​ရှိတဲ့ သူမှ မဟုတ်​တာ .. ခံစားခွင့်​လည်းမရှိသလို တမ်းတမှတ်​မိ​နေခွင့်​လည်းမရှိဘူးမှတ်​လားးး   ​နောက်​ဆုံ လက်​ရဲ့ဦးတည်​ရာက လက်​နှစ်​လုံး​လောက်​သာ ကျန်​ရှိ​တော့​သော ဝိုင်​ပုလင်းဆီသို့ ~~

စိတ်​ကြိုက်​​မော့ချပစ်​လိုက်​​တော့ ပုလင်းထဲက နီနီ အရည်​​တွေက သူ့လည်​​ချောင်းထဲကို ပြင်းပြင်းရှရှ ပူပူ​လောင်​​လောင်​ ခုန်​​ပေါက်​ဆင်းသွားကြတယ်

'ဟုတ်​တယ်​ ဒီလိုအရသာမျိုးကမှ မင်းရဲ့ဘဝဘဲ Park Chan Yeol '

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

At 7:30 P.M

မဟူရာ​ရောင်​အလှဆင်​ထားတဲ့ ပတ်​ဝန်းကျင်​က မိုးခြိမ်းသံ​တွေ​ကြောင့်​ လူသွားလူလာ နည်းပါးလျက်​.

မိုးကြီးလို့ထင်​  ဆိုင်​အများစုကလည်း ပိတ်​လို့အနားယူကြကုန်​ပိ. ကားလမ်းမကလည်း ကားတစ်​စီး​တောင်​ ဖြတ်​သံမကြားရ . ထိုအချိန်​မှာလှုပ်​ရှားမှုရှိတာဆိုလို့ ခုချိန်​မှ အိမ်​ပြန်​လာပုံရတဲ့ အလုပ်​သမားဦး​လေးကြီးရယ်​ ထိုအလုပ်​သမားဦး​လေးကြီးကို ​အိမ်​အမိုး​အောက်​​က​နေ ​ဟောင်​​နေ​သော ​ခွေးတစ်​​ကောင်​ရဲ့အသံသာ

Only 7 DAYSWhere stories live. Discover now