Chapter 7

2.5K 337 31
                                    

ကျွန်တော့ချစ်ခြင်းမှာ ရုပ်ရည် ပကာသနဆိုတာ မပါဝင်ခဲ့ပေမယ့်လည်း Park Chan Yeol
ဆိုတဲ့ လူသားကိုချစ်မိတဲ့ ကျွန်တော် Baekhyun
သူ့ရဲ့ခန့်ညားလှတဲ့ရုပ်ရည်ကြောင့် သူ့ကို ပိုပြီးပိုင်ဆိုင်လာချင်တယ်ဆို အပြစ်များဖြစ်လေမလား .

နဂို ဂုတ်ထောက်နေတဲ့ ဆံပင်တွေက ခုတော့ သေသပ်စွာ ဘေးကိုခွဲပြီး အနည်းငယ်​ထောင်ထား
တာကြောင့် သူ့ရဲ့ မျက်နှာနုနု က ရှင်းသန့်နေတယ် .
မျက်​လုံးဝိုင်းဝိုင်း နှာတံစင်းစင်းက သူ့ရဲ့ခန့်​ညားမှုကို ပိုပြီး​ပေါ်လွင်​​စေတယ်​ ။ခပ်​ထူထူ နီ​ဆွေး​ဆွေး နှုတ်​ခမ်းက သူ လူ​ချောတစ်​​ယောက်​ဆိုတာကို မငြင်းနိုင်​​အောင်​ဆွဲ​ဆောင်​ထားတယ်​။ မေးဖျားက မုတ်ဆိတ်ရိတ်ပြီးကာစမို့ စိမ်းမြမြ။

သူ့ကိုမြင်တိုင်း ရင်တွေ ထိန်းမရသိမ်းမရ ခုန်နေတာမို့ မျက်နှာချင်းဆိုင် မဖြစ်အောင် ရှောင်နေရတာ အပြင်ကပြန်လာကတည်းက .သူကလည်းဒီနေ့မှ ထူးထူးဆန်းဆန်း လူနားကပ်နေသလို .။

'ဖူးးးးးး '

byun baek hyun ဘဝကလည်းမလွယ်ပါလားနော် ။

သူ့ရဲ့မျက်စိဒေါက်ထောက်ကြည့်နေတာကို ရှောင်နေတာ နောက်ဆုံးသူ့ရဲ့ညစာ အတူစားကြမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြေးစရာနေရာမရှိတော့ ။နောက်ဆုံး တော့လည်း နှလုံးသားလေးကိုဘဲ ညုင်းစဲရတော့မှာပေါ့လေ ။

ထမင်းစာနေစဉ်တစ်လျှောက်လုံးလည်း လူကို စိုက်ကြည့်နေတာမို့ ထမင်းကို ရေနဲ့အတင်းမျောချရတယ့်အဖြစ် ။ဟင်းတွေကလည်း ဘာအရသာဆိုတာတောင် မသိ။

ညစာစားပြီးတော့ နှလုံးသားလေး ပင်ပန်းသက်သာပြီထင်တာ ဘယ်တုန်းက ကျွန်တော်ဝယ်လာတဲ့အထုပ် ကို မွှေနှောက်လိုက်တယ်မသိ အခွေအတူကြည့်ကြမယ်တဲ့ ။ အစက ကျွန်တော် သူနဲ့အတူတူကြည့်မယ်ဆိုပြီး ဝယ်လာတဲ့အခွေတွေပါ။ခုသူ့မြင်ရင်ကို အသက်ရှုကျပ်လောက်အောင် ရင်ခုန်လာတာ ခုသူနဲ့နီးနီးကပ်ကပ်နေရမယ်ဆိုတော့ နှလုံးသားလေးရယ် တောင်းပန်ပါတယ်ကွာ။ သူ့စကားဆိုမလွန်ဆန်ချင်တဲ့ငါ့ကို ခွင့်လွှတ်ပေးပါကွာ။
......................................................................

Only 7 DAYSWhere stories live. Discover now