Main Pairing ~KaiSoo
Side Pairing~KaiHun
Kai (Kim jong in), Do Kyung Soo,Oh Sehun
Other EXO members...ထွက်ခွာသွားတဲ့ သူ့ရဲ့နောက်ကျော လေးကို ငေးကြည့်နေရင်း...
ကွဲကြေသွားခဲ့တဲ့ ကျွန်တော့်ရဲ့ နှလုံးသားတစ်စုံနဲ့ အတူ...သူနဲ့ကျွန်တော်ထိုင်နေကျ ဒီဆိုင်လေးရဲ့ ဒီခုံနေရာလေးမှာ ကျွန်တော်ဆက်ထိုင် နေရင်း...
သူပြောခဲ့တဲ့ "လမ်းခွဲရအောင်"ဆိုတဲ့ စကားလုံး အောက်မှာ ကျွန်တော်ပြောစရာစကားတွေမဲ့သွားခဲ့ပြီး အသိဉာဏ်တွေခေတ္တရပ်ဆိုင်းသွားခဲ့သလို..ကျွန်တော့်အသက်ရူသံတွေလည်းမှားသွားခဲ့တယ်...ကျွန် တော်သူ့ကို 'ဘာလို့လဲ' ဆိုတဲ့ အကြောင်းပြချက်ပေး ဖို့စကားလုံးတာင် မမေးလိုက်နိုင်ဘူး...ဆွံ့အနေတဲ့လူတစ်ယောက်လိုပဲ..."နောက်ထပ်မတွေ့ဘဲနေကြရအောင်"ဆိုပြီး ပြောပြီး ထထွက်သွားခဲ့တဲ့သူ့ကိုသာ ငေးကြည့်ရင်း...
ကျွန်တော်ပြန်ပြီး အသိဝင်လာတဲ့အချိန်မှာ ကျွန်တော့်မျက်စိ ရှေ့မှာထွက်ခွာ သွားတဲ့သူရဲ့ကျောပြင်လည်းမရှိတော့ဘူး ...
ကျွန်တော့်ပါးပြင် စိုစွတ်နေပါလားလို့စမ်းကြည့်မိတော့ ...မျက်ရည်တွေ...
ကျွန်တော် အမြန်ဆိုင်ပြင်ပြေးထွက်ပြီး သူ့ကိုလိုက်ရှာကြည့်တော့လည်း...လမ်းမှာ ရှုပ်ထွေးသွားလာနေတဲ့လူတွေက လွဲပြီး သူ့ကိုမတွေ့တော့ပါဘူး...ကျွန်တော်နောက်ကျသွားပြီလား...
တစ်ယောက်တည်းပြာယာခက်ပြီး မျက်ရည်တွေနဲ့ သူ့ကို လိုက်ရှာနေတဲ့ကျွန်တော့်ကို လူတွေက စူးစမ်းသလို...သနားသလိုကြည့်နေကြတယ်...
အဲ့လိုမျိုးကြီးတွေမကြည့်ပါနဲ့...တောင်းပန်ပါတယ်...ကျွန်တော်မခံစားနိုင်လို့ပါ ...
ကျွန်တော်တုန်ယင်နေတဲ့လက်အစုံနဲ့ အိပ်ကပ်ထဲက Phone ကိုထုတ်ပြီး ဝေဝါးနေတဲ့အမြင်နဲ့ ရင်းနီးနေတဲ့ contact လေးကို နှိပ်ပြီးခေါ်လိုက်တော့...
''...ခေါ်ဆိုသောPh noမှာ စက်ပိတ်ထားပါသဖြင့် .."
အကြိမ်ပေါင်းများစွာခေါ်သော်လည်း...."...."...စက်ပိတ်ထားသည်တဲ့...
ဘာလို့များလဲ Jongin ရယ် ...ငါဘာတွေများမှားခဲ့လို့လဲ?...ငါဘာအမှားတွေများလုပ်ခဲ့မိလို့လဲ?..ဘာကြောင့်များလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး...
မခိုင်တော့တဲ့ ကျွန်တော့ခြေထောက်တွေကလည်းကျွန်တော့်နှလုံးသားကွဲကြေသွားသလို...အရိုးတွေကြိုးကျေသွားပြီထင်ပါရဲ့ ...မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်တော့ပါလား...
ဒါကသူများတွေပြောနေကျတဲ့ အချစ်ဆိုတဲ့ အရာရဲ့ပြန်ရလိုက်တဲ့ အကျိုးသက်ရောက်မှုများလား?...အချစ်ဆိုတာဒီလိုနာကျင်မှုနဲ့ပဲအဆုံးသတ်သွားတာမျိုးလား?...
နောက်ဆုံးတော့လည်း အချစ်ကြီးချစ်ခဲ့တဲ့ကျွန်တော်ပဲ နာကျင်မှုတွေတပွေ့တပိုက်နဲ့ ရှုံးတာပါပဲ ...
ဒါပေမယ့်...
ကျွန်တော်Do Kyung Soo...Kim Jongin ဆိုတဲ့ကောင်လေးကိုချစ်မိခဲ့လို့...နာင်တမရပါဘူး...ဘယ်တော့မှလည်းမရချင်ပါဘူး...ဒီအချစ်က...နာကျင်မှုတွေပဲသီကုံးထားတယ်ဆိုရင်တောင်...ကျွန်တော်ပျော်ပျော်ကြီးလက်ခံထားအုံးမှာပါ...နောက်ထပ်လည်း ဆက်ပြီး ...သူ့ကို...ချစ်နေအုံးမှာပါ...
To Be Continue...
Yehet~~My first story...✌🏻✌🏻
အရေးအသားကတော့ မကောင်းဘူးရယ် ဒါမယ့်လည်း အနော့် ရင်ထဲကလာတဲ့ ခံစားချက်နဲ့ သီချင်းနားထောင်းရင်းရလာတဲ့ ဦးနှောက်ထဲက idea လေးပေါင်းစပ်ထားဒါဘာ...အားပေးဂျဘာလို့...
EXO is my life and my everything...
Please Vote and Feedback ~~Yehet~~
Gomarwow ...
~사랑해요~
😊😊
YOU ARE READING
~ချစ်ခြင်းစေရာ~
FanfictionKaiSoo ❤️ Yaoi ❤️ Main pair-KaiSoo Side pair-kaihun Kai (Kim jong in), Do Kyung Soo,Oh Sehun... Other EXO members...