"ငါ...ငါမင်းကို ချစ်နေသေးတယ်...Kyungsoo"
~~~~~~ ~~~~~~ ~~~~~~ကျွန်တော့်နားထဲမှာ အထပ်ထပ်ကြားယောင်နေတဲ့ ဒီစကား...
ကျွန်တော်ကြားခဲ့တာအိမ်မက်လား...တကယ်လားဆိုတာကို ကျွန်တော်သေ သေချာချာ မကွဲပြားပေမယ့်...သေချာတာကတော့ နားနဲ့စက်စက်ကြားလိုက်တာပါ...ကျွန်တော်နားထဲမှာ ခုထိပဲ့တင်ထပ်နေတုန်းပဲ...
မနေ့က project ကိစ္စပြီးလို့ပြန်လာကတည်းကနေ တစ်ညလုံး နားထဲကြားယောင်နေမိတာ ဒီနေ့မနက် အခုအတန်းထဲမှာ ထိုင်နေသည်အထိ...
ကျွန်တော် ထိုင်နေရာမှ Jongin ခုံဘက်လှည့်ကြည့်လိုက်တော့...Sehun နဲ့ စကားပြောနေတယ့်သူ့ပုံစံကရယ်ရယ်မောမောနဲ့ ...ဘာမှ ဖြစ်မနေသလိုပဲ...
သူ့ပုံစံကြောင့် ကျွန်တော့် စိတ်ထဲမှာဝေဝေဝါးဝါးဖြစ်နေမိတယ်...ကျွန်တော်ကြောက်မိတယ်လေ...မနေ့က ကျွန်တော်ကြားခဲ့တာ အမှန်မဟုတ်မှာကို...
"Kyungsoo~ah...Soo~ah...Soo...Yahh!!!Do Kyungsoo!!!"
ရုတ်တရပ်ကြီး ကြားလိုက်ရသော ကျွန်တော့်နာမည်ကြောင့် Jongin တို့ဆီမှ အကြည့်လွဲ၍ ကျွန်တော့်ဘေးကိုကြည့်လိုက်တော့ ကျွန်တော်ကို လက်ပိုက်ပြီးကြည့်နေသော Baekhyun...
"Miahnae...ငါမကြားလိုက်လို့...ဘာပြောမလို့လဲ..."
Baekhyun က သက်ပြင်းအသာချရင်း...
"Soo...မင်းနေမကောင်းဘူးလား?...မနက်ကကျောင်းစရောက်ကတည်းက ငေးငေးငိုင်ငိုင်နဲ့...ငါခေါ်နေတာလဲကြာပြီ..."
"Miah ...ငါသိပ်နေမကောင်းလို့ပါ...ပြောလေ...ဘာပြောမလို့လဲ..."
"Project ကနောက်အပတ်ထဲအပြီးတင်ရမှာမလား?..."
"အင်း...ဟုတ်တယ်..."
"ဒါနဲ့လေ ...မနေ့က ငါတို့ အဖွဲ့ကို ကြီးကြပ်ပေးတဲ့ Senior အကိုကြီးနှစ်ယောက်ကလေ အရမ်း စတိုင်ကျတာပဲသိလား...ပြီးတော့ သဘောလည်းအရမ်းကောင်းတယ်...မင်းတို့ အဖွဲ့က Senior တွေရော ဘယ်လိုလဲ...သဘောကောင်းလား?..."
ကျွန်တော် Baekhyun ကို ကြည့်၍ တစ်ချက်ပြုံးလိုက်ရင်း...
"အင်း...အရမ်းသဘောကောင်းတဲ့ Senior ကြီးနှစ်ယောက်နဲ့လေ..."
YOU ARE READING
~ချစ်ခြင်းစေရာ~
FanfictionKaiSoo ❤️ Yaoi ❤️ Main pair-KaiSoo Side pair-kaihun Kai (Kim jong in), Do Kyung Soo,Oh Sehun... Other EXO members...