"ဒီနေ့ တော်တော်စောစောရာက်တာပဲ..."အတန်းထဲဝင်ဝင်ချင်း ကျွန်တော်ပြောလိုက်တဲ့စကားေ ကြာင့် ကျွန်တော်နှင့်ဘေး ချင်း ကပ်လျှောက် လာသော jongin ကျွန်တော့်ဘက်ကို ခပ်ပြုံးပြုံး မျက်နှာနဲ့ လှည့်ကြည့်
ပြီး..."စက်ဘီးနင်းတဲ့သူ တော်လို့လေ..."
Jongin စကားကို သဘောကျစွာ ကျွန်တော်ရယ်
လိုက်ရင်း..."ဟုတ်ပါတယ်...နင်းတဲ့လူတော်လို့ပါ..."
ကျွန်တော်တို့ထိုင်နေကြနေရာကိုကြည့်လိုက်တော့
Baekhyun တောင်မရောက်သေးဘူး...ကျွန်တော် ထိုင်
ခုံမှာဝင်ထိုင်လိုက်တော့ Jongin က သူနဲ့ sehun ထိုင်နေကြ
နေရာမှာ သွားထိုင်သည်။တအောင့်ကြာတော့ Baekhyun တစ်ယောက်အတန်းထဲဝင်လာပြီး...
"Hi~ဒီနေ့စောသားပဲ..."
"အင်း...ဟုတ်တယ်..."
Baekhyun က Jongin ထိုင်နေသောအနောက်ဘက်
နေရာသို့လှည့်ကြည့်၍..."ဒါနဲ့ Kai က တစ်ယောက်တည်းလား?...Sehun
ရော?...""အင်း...သူ့မိဘတွေဆီပြန်သွားတယ်တဲ့...Jongin
ပြောတာပဲ...""အော်...အင်း...ဒါနဲ့လေ..."
ကျွန်တော် Baekhyun ဘက်ကိုလှည့်၍ ဘာမေးမလဲဟုစောင့်ဆိုင်း နေပေမယ့်...Baekhyun က တစ်ခုခုကို စဉ်းစားနေသလိုပြုပြီးမှ ခေါင်းခါ၍...
"ဘာမှမဟုတ်တော့ပါဘူး...ဆရာတောင် လာပြီ"
အခန်းထဲ ဆရာဝင်လာသောကြောင့် Baekhyun နင့် ဘာမှဆက်မပြောဖြစ်တော့...
Jongin ရှိရာ နောက်ဘက် လှည့်ကြည့်လိုက်တော့
...ကျွန်တော်နှင့်မျက်လုံးချင်းစုံသွားသော သူက ကျွန်
တော့်အား အပြုံးတစ်ခု နှင့်တုန့်ပြန်သည်။သူ့အပြုံးလေးကို မြင်လိုက်ရတဲ့ တခဏမှာပဲ ကျွန်တော့်စိတ်ထဲ သူ့ကို
ပိုင်ဆိုင်လိုစိတ်တွေ ပြင်းပြလာပြန်တယ်...Jonginရယ်
မင်းရဲ့ အဲ့ဒီအပြုံးလေးတွေ ကိုငါ့တစ်ယောက်တည်းအတွက်ပဲ ငါအပိုင်သိမ်းထားချင်တယ်ဆို ငါအရမ်းများအတ္တကြီးနေမလား...
YOU ARE READING
~ချစ်ခြင်းစေရာ~
FanfictionKaiSoo ❤️ Yaoi ❤️ Main pair-KaiSoo Side pair-kaihun Kai (Kim jong in), Do Kyung Soo,Oh Sehun... Other EXO members...