"အော်...ထပ်တွေ့ပြန်ပြီ...တနေ့တည်းနှစ်ခါတောင် တွေ့တယ်ဆိုတော့ ကံတရားပဲ...Annyeong ...ကျွန်
တော့်နာမည် Kim Joon Myun ...Suho ပါ..."ထိုင်နေသော ကျွန်တော့်အား လက်ကမ်းပေး၍နှုတ်ဆက် နေသောထိုလူ...နေ့လည်က ကျွန်တော်နှင့် တိုက်မိသော သူ...
"ဘာလဲ ဒီ ကလူကို လက်ရှက်အောင် လုပ်တော့မှာလား?..."
သူ့ကို ကြောင်ကြည့်နေသော ကျွန်တော့်အားသူက
ခပ်ပြုံးပြုံးအမူအရာနှင့် နောက်သလိုလို စကားဆိုလာ၏
..."မ...မဟုတ်ပါဘူး...Miahnae...ကျွန်တော်က Kyungsoo ပါ...Do Kyungsoo..."
သူကမ်းပေးထားသောလက်ကိုပြန်ဆွဲ၍ နှုတ်ဆက်လိုက်သည်။
"Ah..."
ဖန်ကွဲစရှထားသည့်လက်နှင့် ဆွဲကိုင်နှုတ်ဆက်လိုက်သောကြောင့် ကျွန်တော်ရုတ်တရပ်နာကျင်သွားမိသည်။ကျွန်တော့် နာကျင်စွာငြီးငြူသံကြောင့် သူက ကျွန်တော့် လက်ကြည့်ပြီး...
"လက်မှာ သွေးတွေထွက်နေတယ် ...တစ်ခုခုဖြစ်ထားတာလား?..."
သူကပြောပြောဆိုဆိုနှင့်ကျွန်တော့်ဘေးဝင်ထိုင်ပြီး
..."ခဏလေး ကျွန်တော့်မှာ ပလာစတာ ပါတယ်..."
"ရ...ရပါတယ်...အဆင်ပြေပါတယ်..."
ကျွန်တော့်လက်ကို ပြန်ယုတ်ရင်း ပြောသော်လည်း
သူက ကျွန်တော့်လက်ကိုအသာပြန်ဆွဲရင်း..."အဆင်မပြေပါဘူး သွေးတွေထွက်နေသေးတဲ့ဟာပိုးဝင်သွားရင်ဘယ်လိုလုပ်မလဲ?...ကျွန်တော့်ကို မယုံလို့လား?..."
ကျွန်တော့်မျက်လုံးထဲကိုစိုက်ကြည့်ပြီး နူးညံ့တဲ့အပြုံးတစ်ခု နှင့်မေးလိုက်သော သူ့ကြောင့် ကျွန်တော် ဘာပြောလို့ပြောရမှန်းမသိ...သူ့ဆီမှအကြည့်လွှဲရင်း...
"အဲ့လိုသဘောမဟုတ်ပါဘူး...ယုံပါတယ်..."
"အဲ့ဒါဆိုပြီးရော ...ငြိမ်ငြိမ်နေ သေချာလုပ်ပေးမယ်..."
Jongin နှင့် Baekhyun မှလွဲ၍ အိမ်က အကိုအရင်းခေါက်ခေါက်ကြီးနှင့်တောင် သိပ်အရောတဝင်မနေသော ကျွန်တော်က ခုနကမှ စကားတစ်ခွန်း နှစ်ခွန်းပြောဘူး ယုံသာရှိသောသူကို့ ယုံကြည်မိသည်။
YOU ARE READING
~ချစ်ခြင်းစေရာ~
FanfictionKaiSoo ❤️ Yaoi ❤️ Main pair-KaiSoo Side pair-kaihun Kai (Kim jong in), Do Kyung Soo,Oh Sehun... Other EXO members...