နောက်တနေ့မနက် uni သွားရန်ပြင်ဆင်ပြီး ကျွန်
တော် အခန်းပြင်ထွက်တော့ ...ဘာရယ်မဟုတ် လူမရှိ
သည့်ပုံ ပေါ်သည့်သူ့အခန်းဘက်ကို လှည့်ကြည့်မိသေးသည်။မနက်ကလည်း ပြန်မလာဘူးနဲ့တူပါ တယ်...အဲ့
တာဆို ကျောင်းကို sehun နဲ့အတူတူ လာမဲ့ပုံပဲ...ဒီနေ့မနက်တော့ မနေ့ကမနက်နဲ့မတူဘဲ လွန်ခဲ့တဲ့
နေ့ရက်တွေက အထီးကျန်မနက်တွေလို ကျွန်တော်တစ်
ယောက်တည်းပေါ့...စက်ဘီးလေး အသာနင်းရင်း မနေ့ကသူနဲ့အတူရှိခဲ့
တဲ့မနက်လေးကို တမ်းတမိရင်းပဲ ကျွန်တော် uni ကို
ရောက်သွားသည်။ဒီနေ့ကျွန်တော် ရောက်တာစောတဲ့ပုံပါပဲ...အရင်ကလို အတန်းရှေ့မှာရစ်သီရစ်သီ လုပ်နေတဲ့ jongin ကို
ငမ်းနေကြ ကောင်မလေးတွေတောင် မရှိသေးဘူး...အ
တန်းထဲမှာလည်း လူတစ်ယောက်စ နှစ်ယောက်စ ရယ်..
baekhyun လည်းမရောက်လာသေးဘူး...ကျွန်တော်
နားကြပ်ကောက်တပ်လိုက်ပြီး သီချင်းတစ်ပုဒ်နဲ့ တစုံ
တယောက်ကို လွမ်းဆွေးနေလိုက်တယ်...တခါတလေ
တော့လည်း အခုလို တစ်ယောက်တည်းလွမ်းနေရတဲ့
အရသာ ကို ကြုံပါများနေတဲ့ကျွန်တော်...တဖြည်းဖြည်း
အဲ့အရသာကိုတောင် သဘောကျလာသလိုပါပဲ..."Hey~Good Morning Soo~ဒီနေ့တယ်စောပါလား"
ပြောရင်း ကျွန်တော့်ဘေးကို ဝင်ထိုင်လိုက်သော
baekhyun ကြောင့် ကျွန်တော် နားတွင်တပ်ထားသော
နားကြပ်ကိုဖြုတ်၍...ပြုံးပြရင်း..."အင်း...Good morning baek ...ဒီမနက်စောစော
နိုးနေလို့..."ကျွန်တော် ပြန်နှုတ်ဆက်အပြီး baekhyun ကို
ကြည့်လိုက်တော့...သူက ကျွန်တော့်ကို တစ်ခုခုပြော
ချင်နေတဲ့ပုံပဲ..."မင်းငါ့ကို ဘာပြောစရာရှိလို့လဲ baek...မင်းကြည့်
ရတာ တခုခု ပြောချင်နေသလိုပဲ..."ကျွန်တော်အစပျိုးလိုက်တော့ baekhyun က စိတ်
ဆုံးဖြတ်လိုက်တဲ့ပုံနဲ့..."ဒါဆိုလည်း ငါပွင့်ပွင့်လင်းလင်းပဲ မေးတော့မယ်
Soo...""အင်း...မေး"
"မင်းဒီရက်ပိုင်းတစ်ခုခု ဖြစ်နေတာငါသိတယ် Soo..
Kai တို့စပြီးရောက်လာတဲ့နေ့ကတည်းကပဲ...မင်းငါ့ကို
တကယ်သူငယ်ချင်းလို့ သတ်မှတ်ရင် မင်းဖြစ်နေတာ
တွေ ငါ့ကို ပြောပြပါ Soo..."
YOU ARE READING
~ချစ်ခြင်းစေရာ~
FanfictionKaiSoo ❤️ Yaoi ❤️ Main pair-KaiSoo Side pair-kaihun Kai (Kim jong in), Do Kyung Soo,Oh Sehun... Other EXO members...