စည်းချက်ကျကျ လှုပ်ရှားနေသော နှုတ်ခမ်းနှစ်စုံနှင့်အတူ ကျွန်တော့် ရင်ခုန်သံတွေ အိုးနင်းခွက်နင်း ဖြောင်းဆန်နေသည်။တဖြည်းဖြည်းကြမ်းလာသော သူ့အနမ်းတွေကြား ကျွန်တော် လောကနိဗာန်တစ်ခုတည်ဆောက်နေမိသည်။သူ့နှုတ်ခမ်းရဲ့ ချိုမြိန်မှုတွေက ကျွန်တော့်အာရုံကြောတွေကို ထုံထိုင်းသွားစေတယ်။သူ့နှုတ်ခမ်းရဲ့နှုးညံ့မှုတွေက ကျွန်တော့်အသိဉာဏ်တွေကို ဝေဝါးသွားစေတယ်။သူ့နှုတ်ခမ်း ရဲ့ထိတွေ့မှုတွေက ကျွန်တော့် စိတ်ခန္ခာကို ရူးသွပ်စေတယ်။သူနဲ့ ပတ်သတ်ရင်ကျွန်တော်ဆိုတာ သူစေစားရာ အတိုင်းကနေတယ့်ကြိုးဆွဲ အရုပ် တစ်ရုပ်သာသာရယ်ပါ...ကျွန်တော့်နှုတ်ခမ်းထက်က နူးညံ့မှုလေး ပျောက်ဆုံးသွားတော့မှ ကျွန်တော့်မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။အချိန်ခဏတာ ပျောက်ဆုံးသွားသော Oxygen ကို သူရော ကျွန်တော်ရော အလုအယက်ရူရင်း ရင်ခုန်သံတွေကို ထိန်းညှိနေမိသည်။ဒီအနမ်းက ဘာအတွက်လဲ?။သူ့ရဲ့ သဝန်တိုမှုတွေကြောင့်ဖြစ်ပေါ်လာတာလား?။ဒါမှမဟုတ် ကျွန်တော့်ကိုသူ ချစ်နေတာ ကြောင့်လား?။ဒါမှမဟုတ် ကျွန်တော်သူမဟုတ်
တဲ့အခြားတစ်ယောက်ဆီကိုပါသွားမှာစိုးရိမ်တာကြောင့်အနမ်းတစ်ခုနှင့်တားမြစ်သည်လား?။ကျွန်တော် မဝေခွဲတတ်ဘူးရယ်။သူ့မျက်ဝန်းတွေမှာ ခံစားမှုပေါင်းစုံရောထွေးနေသလိုပဲ။အစ ကတည်းက သူ့မျက်ဝန်းကိုသေသေချာချာ နားလည်အောင်အဓိပ္ပါယ်မဖွင့်နိုင်တဲ့ကျွန်တော့် အတွက်ခုလို အနေအထားက ပိုပြီး ရှုပ်ထွေးနေလေသည်။ဒါပေမယ့် အခုလိုအခြေအနေက ကောင်းတဲ့အလားအလာလို့ယူဆမိတယ်...သူကျွန်တော့်ကို ချစ်နေသေးတာသေချာလောက်တယ်..."ဘာအတွက်လဲ?..."
ကျွန်တော့်နှုတ်ခမ်းကနေ စိတ်၏အတွေးအမြင်ကိုမထိန်းချုပ်နိုင် စွာပွင့်ထွက်မိတော့ ရုတ်တရပ် ကိုယ့်ကိုကို အံ့အားသင့်မိသည်။ကျွန်တော် က ကျွန်တော် ခံစားချက်တော်တော်များများကို တစ်ယောက်တည်းကြိတ်ခံစားပြီး မဖွင့်ပြတတ်တဲ့သူမျိုးလေ...ကောင်းမွန်တဲ့ တစ်စုံတစ်ခုကို စိတ်ထဲမှာခံစားမိနေတာကြောင့် သူ့ဆီကဟုတ်တယ် ဆိုတဲ့အတည်ပြုမှုတစ်ခုကို ကျွန်တော်ယုံကြည်
စွာမျှော်လင့်ထားမိတယ်...ကျွန်တော်မျှော်လင့်သလိုဖြစ်မှာပါ...ကျွန်တော်လိုချင်တဲ့အဖြေရမှာပါ...
YOU ARE READING
~ချစ်ခြင်းစေရာ~
FanfictionKaiSoo ❤️ Yaoi ❤️ Main pair-KaiSoo Side pair-kaihun Kai (Kim jong in), Do Kyung Soo,Oh Sehun... Other EXO members...