Modification ( Part...6)

20.1K 1.9K 33
                                    

[Zawgyi]

လူတစ်ယောက်က...
ကိုယ့်ကြောင့် မကောင်းဆိုးဝါးဖြစ်သွားတယ့်
သူတစ်ယောက်ကို ဘယ်တော့မှ မချစ်လာနိုင်ဘူး
တဲ့...
ငါလည်းလူတစ်ယောက်ပဲ...
ငါ့ကြောင့် မကောင်းဆိုးဝါးဖြစ်သွားတယ့်မင်းကို
ချစ်လာနိုင်ပါ့မလား....Wu Baekhyn....။

•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'

နောက်တစ်နေ့မိုးလင်းတော့ ထူးထူးခြားခြား
Chanyeol နောက်ကျမှနိုးလာခဲ့မိသည်။
နောက်ကျမှာပေါ့…မနေ့ညက တော်တော်နှင့်မှ
အိပ်မှမပျော်ခဲ့ပဲ...။
ကုတင်ပေါ်ဟိုဘက်လှည့် ဒီဘက်လှည့်လုပ်နေလို့
တောင် တစ်ဖက်ကုတင်မှ Bizက ခေါင်းအုံးနှင့်
လှမ်းပစ်တာခံလိုက်ရသေးသည်...။

သူ့ကို အိပ်မပျော်စေသည်က...
ဟုတ်တယ်...
အနမ်းတစ်ပွင့်...
ရေမလောင်း ပေါင်းမသင်ပဲ သူ့နှုတ်ခမ်းပေါ် အလိုလိုလာခစားသွားတယ့် အနမ်းပန်း
တစ်ပွင့်ကြောင့်... သူ အိပ်မပျော်နိုင်ခဲ့တာပါ။
ဘာအဓိပ္ပါယ်နဲ့ Hell...သူ့ကိုနမ်းခဲ့တာလဲဆိုတာ
ဘယ်သူမှမသိသလို...
ဘယ်သူမှလဲထပ်ကန့်ကွက်နေမှာမဟုတ်ပါဘူး။
စံအိမ်တော်က နောက်လိုက်အားလုံးက
Baekhyunအလိုအောက်မှာ ရှင်သန်နေကြရ
တာပါ။
ခေါင်းဆောင် Krisက ...
ပြင်ပလှုပ်ရှားမှုတွေဆောင်ရွက်နေချိန်မှာ...
စံအိမ်တော်ဆိုတာက Baekhyun အမိန့်တစ်
ချက်အောက်မှာ...။
Hell သေဆိုသေ...ရှင်ဆိုရှင်ဆိုတော့...
သူ့ရှေ့...
Hellရှေ့...ဘယ်သူမှ ဘာမှမပြောရဲပေ
မယ့် သေချာပါသည်... နောက်ကွယ်မှာ ထိုအကြောင်း
ကို တရေးတယူလုပ်ပြီးကို ပြောနေကြမည်ဆိုတာ။

ဟူး...
သက်ပြင်းတစ်ချက်နှင့်အတူ...
ဦးဆောင်သူမရှိဘဲ...သူ့အတွေးက
မနေ့ညကဆီပြန်ရောက်သွားသည်...။
မနေ့ညက............

°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'

အိထွေးထွေး နှုတ်ခမ်းပါးတစ်စုံကြောင့်
Chanyeol အံ့ဩခြင်းတွေမေ့ပြီး တခဏမိန်းမူး
မိသွားသည်...။
အသက်ရှူသံညင်းညင်းလေးက Chanyeol
နှာခေါင်းထိပ်မှာ လာကစားနေ၏...။
5စက္ကန့်လောက် နှုတ်ခမ်းနှစ်ခုငြိမ်ငြိမ်လေး
ထိတွေ့ပြီးချိန်မှာတော့ အဆုံးသတ်အနေနှင့်
Hell...သူ့အောက်နှုတ်ခမ်းကိုကိုက်ပြီး
ခွာသွားသည်။
ချွန်ထက်နေသော သွားလေးတွေကြောင့်...
သူ့နှုတ်ခမ်းချက်ချင်းပေါက်သွားဟန်တူပါသည်...။
စပ်ဖျဉ်းဖျဉ်းနာကျင်မှုတစ်ခုနှင့်အတူ ငံကျိကျိအရသာ
သေးသေးလေးကို ခံစားလိုက်ရသည်။

Modification(Completed)Where stories live. Discover now