[Zawgyi]
သူ နိုးနိုးလာခြင်း ကောင်လေးက သူ့နံဘေးမှာ
မရှိတော့...
ဘယ်အချိန်က နိုးပြီး ထသွားလဲမသိ...။ကုတင်ပေါ်တွင် ငုတ်တုပ်ထိုင်ရင်း သူ ငြိမ်သက်
နေမိ၏...။
နေရောင်ခြည်သွဲ့သွဲ့က ပြတင်းပေါက်ကနေ
သူ့အခန်းထဲဖြာကျနေသည်။
ဒီလိုအချိန် Black Dragon စံအိမ်တော်မှာရော
ပြန့်ကျဲနေမည့် နေရောင်ခြည်သည် ယခုနေရောင်ခြည်နှင့် အတူတူပဲဖြစ်နေမည်လား...။
ရုတ်ခြည်းတွေးလိုက်မိသော အတွေးကို ခဏလေးချင်း
ခေါင်းခါယမ်း ငြင်းဆိုလိုက်မိသည်။
မဟုတ်ဘူး…မတူနိုင်ပါဘူး...
ဘာလို့လဲဆိုတော့...အခုအချိန်မှာ...
သူဆိုတာက Yeol နဲ့ နှစ်ယောက်တည်းအနီးဆုံး
ရှိနေသူလေ...။
Hyung ပြောသည့်စကားက နားထဲပြန်တိုးဝင်
လာ၏။***
" Baekအရင်ဆုံး ရှောင်နေကြရွာမှာ ခဏ
သွားရှောင်နေလိုက်။
သူ...သူပြန်လာတော့မယ်။
အခုတစ်ခေါက် နည်းနည်းကြာမလားမသိဘူး။
အဲ့တာမို့ Hyungဆက်သွယ်မှ ပြန်လာခဲ့လိုက်။
သူ Baekကို မြင်ရင် ဘာဆက်ဖြစ်မလာလဲဆို
တာ...Baekလည်းသိတယ်မလား...။
သိသာသိစေ...မမြင်စေနဲ့ပေါ့...။
နော်...ဟုတ်ပြီလား...
Mr.Jun နဲ့... … … "" Hyung "
ဖြတ်ခေါ်လိုက်သော သူ့ခေါ်သံကြောင့်
ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော Kris
တုန့်ခနဲရပ်သွားပြီး လှမ်းကြည့်လာသည်။" ကျွန်တော်...
ကျွန်တော်...Yeollieကို မထားခဲ့နိုင်ဘူး။
သူ..သူဒီမှာ ကျန်နေခဲ့ရင်
ဘာဆက်ဖြစ်မလဲ ကျွန်တော်မသိနိုင်ဘူးလေ။
အဲ့...အဲ့တာ... "သွေးပျက်သလိုပြောနေသော သူ့အနားကို
Krisရောက်လာကာ...
စိတ်လှုပ်ရှားလို့ အချင်းချင်းဆုပ်ကိုင်ထားသော
သူ့လက်နှစ်ဖက်ကို အုပ်မိုးကိုင်လာသည်။
သူ မော့ကြည့်တော့...
Krisက အားပေးပြုံးပြုံးပြကာ..ခေါင်းတစ်ချက်
ညိတ်ပြလာ၏…။" Hyungသိပါတယ်ကွာ။
အစောကြီးတည်းက Chanyeolကို Baek
အတွက် Hyungခေါ်ထားခဲ့တာပါ။
အဲ့တော့ သူ့ပါအတူတူခေါ်သွား
ဟုတ်ပြီလား... "" Hyung... "
သူ…Hyungကို တစ်ကယ်ချစ်ပါသည်။
သူ့အတွက် Appaဆိုလဲဟုတ်...
Ommaဆိုလည်းဟုတ်...
Arnyi...Appaနဲ့ Ommaတောင် Hyungလောက်
သူ့အပေါ်နားလည်မှုပေးနိုင်မည်မထင်။
သူ တခုတ်တရပြုံးပြလိုက်မိသော အပြုံးကြောင့်
Hyung မျက်လုံးလေးပြူးကြည့်လာသည်။
YOU ARE READING
Modification(Completed)
FanfictionComputer Specialistတစ်ယောက်အဖြစ် Gangsterအဖွဲ့ထဲသို့ဝင်လာခဲ့သော... Park Chanyeol... ဒုခေါင်းဆောင်အဖြစ်...Wu Baekhyun သူတို့နှစ်ယောက်ကြားက... အလွယ်တကူမမြင်နိုင်သော.... သံယောဇဉ်ကြိုးကို... Chanyeolမြင်လာသောအခါ....