[Zawgyi]
ချစ်ခြင်းတရားဆိုတာ
အရမ်းလေးနက်တာမို့...
လူတွေက အလွယ်တကူ မမြင်နိုင်ကြဘူး။
အလွယ်တကူ သဘောမပေါက်ကြဘူး။
ပြီးတော့…
အလွယ်တကူ နားမလည်ကြဘူး။•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'
ကျွန်တော် ဘယ်ရောက်နေလဲ...
မျက်လုံးကို အားယူဖွင့်ဖို့ကြိုးစားမိပေမယ့်
အချည်းနှီးသာ။
နာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးကမို့
ဘယ်နားက နာကျင်သည်ကို အတိအကျပြောပြရန်ခက်ခဲ
နေသည်။
အထူးသဖြင့် လက်...
ညာဘက်လက်ခုံပေါ်က နာကျင်မှုကတော့
တဆစ်ဆစ်နဲ့မို့...ကျွန်တော် မျက်ခုံးနှစ်ဖက်ကို
အလိုလိုတွန့်ကုတ်လိုက်မိတော့...
နားထဲကြားလာရသည်က..." သတိရလာပြီလား...
ဟေး
မင်း ငါပြောတာကြားရလား...
Chanyeol..Park Chanyeol!!! "သတိပေးသံ ရောစွက်နေသည့် မေးခွန်းတစ်ခုနှင့်အတူ ကျွန်တော့်လက်မောင်းကို
လှုပ်နှိုးလာမှုတစ်ခုကြောင့်...
သိပ်မကြာခင်စက္ကန့်ပိုင်းအတွင်းက ပွင့်မရခဲ့သော မျက်ဝန်းတစ်စုံ ဖြည်းဖြည်းချင်းစီပွင့်လာခဲ့သည်။စူးရှရှမီးရောင်ကြောင့် ကျင့်သားမရသေးသော
မျက်စိတို့က တုန့်ပြန်အားကောင်းစွာ
ချက်ချင်းပြန်ပိတ်သွားသည်။" Park Chanyeol...
မင်း ငါ့အသံကြားရလား? "သြရှရှအသံက နောက်တစ်ဖန် ကျွန်တော့်နားထဲ
ပြန်တိုးဝင်လာပြန်သည်။
သည်တစ်ခေါက်တော့ အသံရှင်ဘယ်သူဆို
တာ ကျွန်တော်သိလိုက်ရသည်မို့...
မပွင့်ချင်ဖြစ်နေသော မျက်လုံးတို့ကို အားယူကြိုးစားဖွင့်
လိုက်၏…။
လက်တစ်ဖက်ကို ကုတင်ထောင့်စွန်းမှာ
ထောက်...
တစ်ဖက်ကို ကျွန်တော့်လက်မောင်းကို အုပ်ကိုင်
ထားလျက်ဖြင့် ငုံ့မိုးကြည့်နေသော
ခေါင်းဆောင် Kris Wuကို မျက်ဝန်းပွင့်ပွင့်ခြင်း
တွေ့လိုက်ရသည်။မျက်လုံးကို ပြန်မှိတ်လိုက်ရင်း အသက်ကို
ခပ်ညှင်းညှင်းရှူထုတ်လိုက်မိ၏။
ကျွန်တော် ယခုလိုနိုးထလာတိုင်း
ကျွန်တော် တောင့်တမိခဲ့တဲ့သူက ဘာလို့အနားမှာ
မရှိနေရသည်လဲ?
မျက်စိမှိတ်လျက်သားဖြင့်ပင် ကျွန်တော်ပြန်ဖြေလိုက်
မိသည်။

BINABASA MO ANG
Modification(Completed)
FanfictionComputer Specialistတစ်ယောက်အဖြစ် Gangsterအဖွဲ့ထဲသို့ဝင်လာခဲ့သော... Park Chanyeol... ဒုခေါင်းဆောင်အဖြစ်...Wu Baekhyun သူတို့နှစ်ယောက်ကြားက... အလွယ်တကူမမြင်နိုင်သော.... သံယောဇဉ်ကြိုးကို... Chanyeolမြင်လာသောအခါ....