[Zawgyi]
အမယ်...
မြန်လှချေလားလို့တွေးနေကြတယ်မလား. :P
Heez...ခဗျားလေးတို့ကိုတောင်းဆိုစရာလေးရှိ
လို့ ဖားကြည့်တာပါ...။HunHan_520_Castleမှာ ကျွန်တော်ရေးထား
တဲ့ fic "Heart of Heart " လေးကို သွားဝေဖန်ပေးကြပါဦးလို့ရှေ့လက်ရေးနောက်ထားပီးတော့ပဲ
တောင်းဆိုလိုက်ပါတယ်...။မြန်မြန်upပေးထားတာမို့...
ကျွန်တော်ပူဆာထားတာလေးတွေကို
ဖြည့်ဆည်းပေးကြပါလို့...။
With Panda Eyes...။•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°
အသံပိုင်ရှင်ကို မြင်လိုက်သည်နှင့် ကျွန်တော်
တအံ့တအားဖြစ်သွားရသလို တစ်ချိန်တည်းမှာပဲ စိတ်ပူမိသွားသည်။
မည်သူ့ကို စိတ်ပူလိုက်မိလေသလဲ?
Noonaကိုလား...
Baekကိုလား...။
ကျွန်တော် Miyaung Noonaကိုပဲ ကြည့်နေ
ရင်း အလိုလို မတ်တပ်ထရပ်လိုက်မိ၏…။" Noona ဒီကိုဘယ်လိုလုပ်? "
" အော်...ဒီက ကော်ဖီဆိုင်မှာ
ကော်ဖီမှုန့်တွေလာပို့တာ...။
Yeolကရော? "Noonaက ကျွန်တော့်ကိုတစ်လှည့်...
အနားမှာ ခက်ထန်စွာထိုင်နေဆဲဖြစ်သည့် Baekhyunကိုတစ်လှည့် ကြည့်ရင်း...
ပြန်မေးလာ၏...။" ကျွန်တော်...ကျွန်တော်က... "
ကျွန်တော်ဘယ်လိုဖြေရမည်လဲ...။
ကျွန်တော့်ချစ်သူနှင့် လျှောက်လည်နေတာလို့
လား... ထိုအချိန် ကျွန်တော့်ကိုယ်ကျွန်တော်ပြန်မေး
လိုက်မိသော မေးခွန်းတစ်ခုက သူသည်
ကျွန်တော့်ချစ်သူရောဟုတ်ပါရဲ့လား...။
ကျွန်တော်က သူ့အလိုတော်ကျပဲမဟုတ်ပါ
လား...။
ပြီးတော့ သူ့အမိန့်မရပါပဲ ကျွန်တော့်နှုတ်ခမ်း
ထက်ကနေ အဖွဲ့၏အကြောင်းတွေ
ဘာဆိုဘာမှထွက်ပိုင်ခွင့်မရှိ...။ကျွန်တော်ဖြေရခက်စွာ သူ့ကိုလှမ်းကြည့်လိုက်မိသည်။
အလယ်မှာထိကပ်မတတ် တွန့်ချိုးထားသော
မျက်ခုံးနှစ်ဖက်နှင့် သူ့အမူအရာကြောင့် ကျွန်တော်
ထိတ်ခနဲဖြစ်သွား၏…။
သူ့ဒေါသကို ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသည်
ကြောင့် ကျွန်တော်အသိပင်ဖြစ်သည်…။
YOU ARE READING
Modification(Completed)
FanfictionComputer Specialistတစ်ယောက်အဖြစ် Gangsterအဖွဲ့ထဲသို့ဝင်လာခဲ့သော... Park Chanyeol... ဒုခေါင်းဆောင်အဖြစ်...Wu Baekhyun သူတို့နှစ်ယောက်ကြားက... အလွယ်တကူမမြင်နိုင်သော.... သံယောဇဉ်ကြိုးကို... Chanyeolမြင်လာသောအခါ....