Part...15 (Modification)

17.7K 1.7K 38
                                    

[Zawgyi]

" Yeol...မင်း ဘယ်လိုလုပ်... "

ခြေသံခပ်ဖွဖွနောက်မှာ ပါးလျလျထွက်ပေါ်လာ
တဲ့ အံ့ဩမေးခွန်းသံလေးတစ်သံကြောင့်
ကျွန်တော် လှည့်မကြည့်ပဲ ပြုံးလိုက်မိသည်။
လက်ဆုပ်လက်ကိုင်မိမှ ဘယ်လိုရှောင်ပြေးဦး
မလဲ...ငါးကလေး...။

" ကျွန်တော် Hellကို မေးစရာရှိလို့ ရောက်လာ
ခဲ့တာပါ... "

ခပ်ဖြည်းဖြည်းလှည့်လာတဲ့ ကျွန်တော့်ကို
ငေးကြည့်နေရင်းကနေ...
ကျွန်တော့်လက်ထဲက ဓာတ်ပုံကို သတိထားမိ
သွားဟန်ဖြင့် Baekhyun ကြံရာမရတဲ့သူတစ်ဦး
လို ခေါင်းကိုကုတ်၏…။

" ငါ့ ပြန်ပေး! "

လက်ထဲက ဓာတ်ပုံကိုဆွဲလုရင်းပြောလာတာကြောင့်
ကျွန်တော် ရယ်ဟဟနှင့် အနောက်ကိုအမြန်တိမ်း
ရှောင်လိုက်သည်။

" မော်ဒယ်ခ ဘာပေးမှာလဲ... "

" ဘာ... "

" ဟုတ်တယ်လေ...
မော်ဒယ်ခလေ...
ကျွန်တော့်ပုံကို ကျွန်တော့်ခွင့်ပြုချက်မရပဲ
ရိုက်တာမို့...ဒဏ်ကြေးတော့ပေးသင့်တယ်ထင်
တာပဲ... "

လက်ထဲက ဓာတ်ပုံလေးကို လက်ဖဝါးပေါ်
တဖြတ်ဖြတ်ရိုက်နေရင်းဖြင့် ကျွန်တော်ဆိုလိုက်
မိ၏…။
ဓာတ်ပုံကိုပဲ ငုံ့ကြည့်နေတာကြောင့်
Baekhyun...ရှေ့တိုးလာသည်ကို ကျွန်တော်
သတိမထားမိလိုက်…
ကျွန်တော် သတိထားမိလိုက်ချိန်တွင်တော့
သူကခြေဖျားထောက်ပြီး ကျွန်တော့်နှုတ်ခမ်းကို
အပိုင်သိမ်းယူနေပြီဖြစ်သည်။
လက်ထဲက ဓာတ်ပုံကိုကိုင်ထားမိသည်ကြောင့်
လား...
ကျွန်တော်ကိုယ်တိုင်က သူ့အနမ်းကို လိုလား
နေသည်ကြောင့်လား သေချာမခွဲခြားနိုင်သော
အခြေအနေတရားများနောက်တွင် ကျွန်တော် သူ့အား
မတွန်းဖယ်ခြင်းဟူသော အကျိုးဆက်ကဖြစ်ပေါ်လာ
သည်။

တရှိုက်မက်မက် သူ့အနမ်းတွေက နူးညံ့ခြင်းမရှိ
သည့်တိုင်
ရူးသွပ်စရာကောင်းလောက်အောင် စွဲလမ်းစရာတော့
ကောင်း၏…။
တစထက်တစပြင်းလာသော သူ့အနမ်းအောက်မှာ
ကျွန်တော် အသက်ရှူမဝဖြစ်လာသော်ငြား
သူကတော့ အငမ်းမရရှေ့ဆက်တိုးနေသည်။

Modification(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ