Part...9 (Modification)

17.8K 1.7K 80
                                    

[Zawgyi]

ကိုယ်ချစ်ရသူက
ကိုယ့်ကြောင့် နာကျင်မှုဖြစ်နေရင်...
ကိုယ့်ကြောင့် အခွင့်အရေးတွေလက်လွတ်နေရရင်...
နောက်ဆုံး...
ကိုယ့်ကြောင့် မျက်ရည်တွေကျနေရရင်...
နှစ်ခေါက်မမေးပါနဲ့...
သူ့ကိုစွန့်လွှတ်ပေးလိုက်မှာပါ...
ဒါ...ကျွန်တော် Park Chanyeolရဲ့
သူ့အပေါ်ထားရှိတဲ့အချစ်ပဲ...။
ရူးမိုက်တယ်ဆိုပါ...
သွေးကြောင်တယ်ဆိုပါ...
ကျွန်တော့်ဆုံးဖြတ်ချက်ကို ကျွန်တော်မပြင်ဘူး
ဘာလို့လဲ...
ကျွန်တော့်ကိုယ်ကျွန်တော်ထက်...
သူ့ကို ပိုမြတ်နိုးနေမိလို့ပါ...။

°»°»°»°»°»°»°»°»°»°»°»°»°»°»°»°»°»

ကျွန်တော် တိတ်ဆိတ်နေမိတာက...
သူ့ကို ပိုအတွေးနယ်ချဲ့အောင် ခွင့်ပေးထားမိသလိုပါပဲ...။
ခြံထဲ ကပြင်လေးပေါ်ထိုင်နေရင်း
သူ အဝေးတစ်နေရာကိုတွေတွေလေးငေးပြီး
တစ်ခုခုကို တွေးနေသည်...။
ဘာတွေများကြည့်နေသည်လဲ...
ခြံထောင့်က ခြုံပုတ်လေးကိုလား...
ခြုံလေးဘေးက ပလတ်စတစ်ခွက်အကွဲလေးကို
လား...
ထိုအရာတွေမဟုတ်တောင် လက်တစ်ကမ်းအကွာမှာ
ပင်ရှိနေသော ခပ်ကြီးကြီးကျောက်တုံးနှစ်တုံးကိုလား။
ဟင့်အင်း...တစ်ခုမှဟုတ်ပုံမပေါ်ပါဘူး...။
ရည်ရွယ်ရာမရှိတဲ့...လက်ကိုင်ပြစရာမရှိသော
တစ်စုံတစ်ရာကို သူ ငေးနေသည်ထင်ပါသည်။

စကားပြောဖို့ကလည်းခက်...
ထွက်သွားဖို့ကလည်း ခက်သည်ကြောင့်
သူ့ဘေးထိုင်နေရင်းနှင့်ပင်
မြေပြင်ပေါ်ချထားတဲ့ ကျွန်တော့်ခြေ
ထောက်နှစ်ဖက်ကို မြေကြီးနဲ့ပွတ်နေမိ၏…။

" မင်းအတွက် ချစ်ခြင်းဆိုတာကဘယ်လိုမျိုးလဲ "

ရုတ်တရက်မေးလိုက်သော သူ့စကားကို
ကျွန်တော် နားမလည်လိုက်တာတော့အမှန်ပါ။
ချစ်ခြင်းတဲ့...
Dramaတွေထဲကလို ပေးဆပ်ခြင်းလို့ပြောရမလား...
စာအုပ်တွေထဲကလို စိတ်ကူးယဉ်ခြင်းလို့ပဲ
ဖြေပေးရမလား...
အဖြေကို ချက်ချင်းမဖြေသေးပဲ ခပ်ကြာကြာ
စဉ်းစားနေတော့...
Baekhyun...ကျွန်တော့်ကိုငဲ့စောင်းကြည့်လာ၏။

" မင်းချစ်တဲ့သူနဲ့ပတ်သက်ပြီး...
ဘယ်လိုခံယူထားလဲမေးတာ... "

စိတ်မရှည်တာကတော့ မွေးရာပါထင်ပါသည်...။

" အချစ်ဆိုတာလား...
ကျွန်တော့်အတွက်ကတော့ပေးဆပ်ခြင်းလဲ
မဟုတ်ဘူး...
ရယူခြင်းလဲမဟုတ်ဘူး... "

Modification(Completed)Where stories live. Discover now