Part...20 (Modification)

18.3K 1.6K 51
                                    

ချစ်ရသူသာ အနားရှိနေရင်...
ကိုယ့်ကမ္ဘာ သာယာတယ်...။
မြတ်နိုးရသူသာ ပြုံးပြနေရင်...
ကိုယ့်ကောင်းကင် နေခတယ်...။
အိပ်မက်ပိုင်ရှင်သာ ထာဝရချစ်နေပေးရင်...
ကိုယ့်နောက်ဆုံးထွက်သက်ကတောင်
ကြည်နူးရစေတယ်...။
............................................................

ကျွန်တော့်ရင်ခွင်ထဲကနေ လူးလွန့်လာသော
သူ့ကို အရင်ဦးဆုံးမြင်ရသည်က
ကျွန်တော့်ဒီနေ့ အမှောင်ဖုံးသွားလည်း
နေပျော်သည်။
ကျွန်တော့်နေမင်းလေးက စောစောစီးစီး
သာပေးပြီးသွားပြီလေ...။
မျက်ခွံလေး လွန့်လှုပ်လာပြီးမှ
ခပ်ဖြည်းဖြည်းပေါ်လာသော သူ့အကြည်ရောင်
မျက်ဝန်းလေး...။
သူ့ကို ပြုံးရင်း သေချာကြည့်နေသည့်
ကျွန်တော့်ကို တွေ့လိုက်ရခြင်းတွင်
မနေ့ညက အဖြစ်အပျက်ကို သတိရသွားဟန်ဖြင့်
ကျွန်တော့်ရင်ခွင်ထဲမှနေ ရုန်းထွက်မည်ပြုသည်။
ထွက်ပြေးချင်နေသော ပါပီစုတ်ဖွားလေးကို
ကျွန်တော်အမြန်လှမ်းဖမ်းဆွဲလိုက်ပြီး...
ရင်ခွင်ထဲ နစ်နေအောင်ဖက်ထားတော့...
သူက ကျွန်တော့်ရင်ဘတ်ကို လက်နှစ်ဖက်နှင့်တွန်း
နေရင်းမှ ဗလုံးဗထွေးဆိုသည်။

" ဘာဖြစ်တာလဲ...
မနက်စောစောစီးစီး ဒီအရူးက တစ်မျိုး... "

သူ့ရန်ထောင်သံကြောင့် ကျွန်တော် ဟက်ခနဲရယ်လိုက်
မိသေးသည်။ Hellဆိုသည်က အရှက်လည်းသည်း
နေသေး… သူ့ပုံစံပျက်မှာလည်း စိုးရိမ်နေဟန်ဖြင့်
ဟန်ဆောင်မူတစ်ခုနှင့်အတူ မကျေမနပ်ဖြစ်ပြနေ၏။

" Yah…Park Chanyeol...
ဖယ်...ဖယ်လို့ပြောနေတာကို မကြားဘူးလား။
ငါ မျက်နှာသစ်ရဦးမယ် ညစ်ပတ်စုတ်ရဲ့... "

ကျွန်တော် ရုတ်ခြည်းဆိုသလို အနေအထားကိုပြောင်း
ပစ်လိုက်သည်...။
ဘေးတစောင်းအနေအထားနှင့် ယှဉ်တွဲအိပ်နေ
သည်ကနေ...သူ့ကိုယ်လေးကို အောက်ထား...
ကျွန်တော်က အပေါ်ကနေ စီးမိုးကြည့်လိုက်
တော့...
မနက်စောစော နှင်းဆီပန်းတစ်ခင်း သူ့ပါးပြင်
ပေါ် အလိုလိုစိုက်ပျိုးသွားသည်...။

ကျွန်တော့်မျက်နှာကို မမြင်ချင်ယောင်ဆောင်
လိုက်ရင်း... နံရံပေါ်က အဖြူအမည်းရေဆေးပန်းချီကားတစ်ချပ်ကို အဓိပ္ပါယ်
မရှိ ငေးစိုက်ကြည့်နေ၏…။

Modification(Completed)Where stories live. Discover now