[Zawgyi]
ကမ္ဘာလောကကြီးပေါ်က
ချစ်ခြင်းတရားတွေအားလုံးဟာ
အိပ်ရာဝင်ပုံပြင်တွေလို
အမြဲတမ်းအဆုံးသတ်လှပနေကြရင်
ဘယ်လောက်ကောင်းလိုက်မလဲနော်...•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°'•'°
ကျွန်တော် နေရခက်စွာ ရည်ရွယ်ချက်မရှိ ကြမ်းပြင်ကို ငုံ့ကြည့်နေတော့
ကျွန်တော့်ရှေ့မှာ ဒူးထောက်ထိုင်နေသော
Baekhyun ဘောင်းဘီဒူးခေါင်းနားက ညစ်ထေး
ထေးဖုန်တွေကို အမှတ်မထင် တွေ့လိုက်ရသည်။" အဲ့ဒါတွေက ဘာတွေလဲ... "
အမြဲသန့်ရှင်းနေတတ်တဲ့ သူ့ကိုယ်ပေါ်မှာ
ဒီလိုဖုန်တွေ တွေ့လိုက်ရတော့
ကျွန်တော်နည်းနည်းတော့ အံ့အားသင့်မိသွား၏။
ကျွန်တော် လက်ညှိုးနဲ့ထိပြီး ပြလိုက်မိသည့် ဘောင်းဘီပေါ်က ညစ်ထေး
ထေးအရာတွေကို Baekhyun လက်နဲ့အသာခါထုတ်လာသည်။" အော်...
ခုနက Castleတွေနဲ့တုန်းက
ပေလာတာနေမှာ... "Castle...ဟုတ်သား...Castleတွေ...။
ဘာဖြစ်သွားသလဲတော့ ကျွန်တော်သိချင်မိသေး
သည်။" Hell...
Castleတွေက ဘာတဲ့လဲဟင်... "မျှော်လင့်ချက်တွေပျော်ဝင်နေသော… တစ်နည်းအားဖြင့် ဆုတောင်းခြင်းတွေ နစ်ဝင်နေသော ကျွန်တော့်အသံ
ကို Baekhyun စိတ်လိုလက်ရ နားထောင်နေ
ပြီးမှ...
နားသယ်စပ်ကို လက်ညှိုးလေးနဲ့ဟန်ပါပါ
တစ်ချက်ကုတ်သည်။
ယားလို့ကုတ်သော ဟန်ပန်မျိုးမဟုတ်တော့
ကျွန်တော့်မျက်စိထဲ တစ်မျိုးကြည့်ကောင်းနေ
ပြန်၏။" အင်း...
မင်းဘယ်လိုကြားချင်လဲ... "" Yae? "
" Chanyeol...
မင်း ဘယ်လိုအဖြေကြားချင်သလဲလို့... "သူ့တန်ပြန်မေးခွန်းကို ကျွန်တော့်ရင်ထဲကဆန္ဒ
တစ်ခုအတိုင်း ပြန်ဖြေပေးလိုက်မိပါသည်...။" Hell...အဲ့အဖွဲ့ထဲကို လုံးဝမရောက်ဘူး...
ပြီးတော့..ပြီးတော့...
အဲ့ကောင်မလေးနဲ့လဲ လက်.မ.ထပ်.ရ.ဘူး "အဆုံးသတ်မှာ တိုးဖျော့သိမ်ဝင်စွာ လှုပ်ရှားသွားသော
ကျွန်တော့်နှုတ်ခမ်းအချကို
Baekhyun သဘောကျသလို ကြည့်နေ၏…။
STAI LEGGENDO
Modification(Completed)
FanfictionComputer Specialistတစ်ယောက်အဖြစ် Gangsterအဖွဲ့ထဲသို့ဝင်လာခဲ့သော... Park Chanyeol... ဒုခေါင်းဆောင်အဖြစ်...Wu Baekhyun သူတို့နှစ်ယောက်ကြားက... အလွယ်တကူမမြင်နိုင်သော.... သံယောဇဉ်ကြိုးကို... Chanyeolမြင်လာသောအခါ....