Part...19 (Modification)

19.8K 1.7K 72
                                    

[Zawgyi]

ဦးနှောက်နဲ့ ဆုံးဖြတ်ရတဲ့ ကိစ္စတွေမှာ
အများအားဖြင့်...
နှလုံးသားရဲ့ခံစားချက်က
အနိုင်ပိုင်းတာတွေရှိလာတတ်တယ်...။
ဒါကြောင့်မို့လည်း...
လူသားတွေက အားနည်းတဲ့မျိုးစိတ်အဖြစ်
တစ်ခုအပါအဝင်ဖြစ်နေဆဲပဲတဲ့...။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::

" ဘယ်အချိန်ထိရပ်နေမှာလဲ Yeol?
တော်ကြာ သူပြန်ဝင်လာရင်
Noona စိုး...စိုးရိမ်တယ်... "

ကျွန်တော် အသိစိတ်မဲ့နေသလို ရပ်နေရာကနေ
Noonaစကားကြောင့် သူမကိုလှည့်ကြည့်
လိုက်မိသည်...။
ဟုတ်တယ်...ကျွန်တော် အသိစိတ်မဲ့နေတာပါ...။
သူ မရှိတယ့် ထိုတခဏလေးကပင်
ကျွန်တော့်အတွက်တော့...
ရှင်လျက်နှင့် ဝိညာဉ်ကင်းမဲ့နေစေသည်လေ...။

သက်ပြင်းနက်နက်က ကျွန်တော့်နှုတ်ခမ်းထက်
ဆီမှနေ ခုန်ဆင်းကျလာခဲ့သည်။
ခေါင်းလေးတစ်ချက်ငြိမ့်ပြဖို့ကို အားအင်မရှိလို့
ကျွန်တော်ရှေ့ကနေပဲ ထွက်လာခဲ့လိုက်၏။
တုန့်နှေးစွာလျှောက်နေသော ကျွန်တော့်အား
Miyaung Noonaက အသိပေးသလို
လက်လှမ်းဆွဲလာသည်။

" Yeol...
Miyanae... "

" In? "

" ဒီအတိုင်းပဲ...။
Noonaကြောင့် Yeolစိတ်ညစ်ရပြီ... "

" ကျွန်တော် စိတ်မညစ်ပါဘူး...Noonaရ... "

ခက်ခဲစွာ ထွက်ကျသွားသော ကျွန်တော့်အလိမ်အညာ
စကားအဆုံးတွင်
Miyaung Noona တစ်ချက်ပြုံးသည်။
မလိမ်ညာတတ်ဘဲ လိမ်ညာနေသည့် ကလေးတစ်ယောက်ကို သဘောထားကြီးကြီးခွင့်လွှတ်
ပေးလိုက်တော့မည့် လူကြီးတစ်ယောက်၏အသွင်မျိုး
မြင်လိုက်ရသည့်အတွက် ကျွန်တော့်ကိုယ်ကျွန်တော်
လိပ်ပြာမလုံဖြစ်သွားရ၏…။

" တစ်ချို့ကိစ္စတွေမှာ ကာယကံရှင်မမြင်ရတာကို
ဘေးလူတွေက မြင်နေရတာတွေ
အများကြီးရှိတယ် Yeol...။
Noonaအခုလုပ်လိုက်တာ Noonaကိုယ်တိုင်ပဲ
နာကျင်လိုက်ရတယ်...။
ဒါပေမယ့်လည်း Noonaကို ခွင့်လွှတ်စေချင်တယ်...။
သွားလိုက်ဦးမယ် Yeol... "

သူမ စကားတွေ၏ ဆိုလိုရင်းကို နားလည်ရန် ကြိုးစားနေခိုက်မှာပင်
Noona အနားမှနေ ပြေးထွက်သွားခဲ့သည်။
ယမ်းယောင်စွာ လက်တစ်ဖက်လှမ်းလိုက်မိပေ
မယ့်...ပြေးမလိုက်မိခဲ့။
တလဲ့လဲ့ပြေးထွက်သွားသော
Noonaကျောပြင်လေးကိုသာ အချိန်တစ်ခုကြာသည် အထိ လှမ်းကြည့်နေပြီးမှ ကျွန်တော့်အခန်းဆီ ခြေဦးလှည့်ခဲ့လိုက်သည်။

Modification(Completed)Donde viven las historias. Descúbrelo ahora