Episode 3

2.2K 274 2
                                        

[Zawgyi Version]

Pandora မှာရောက်နေတဲ့ Tuka ရဲ့ ဒုတိယမြောက်နေ့.........

မနေ့က Manato တစ်ယောက်ညနေစောင်းပြန်ရောက်လာပြီး ရေချိုးကာအိပ်ပျော်သွားတာကြောင့် သော့အကြောင်းမေးခွင့်ရလိုက်ပေ! ရေချိုးပြီးထွက်လာတဲ့ Manato အခန်းထဲများလာအိပ်နေအုံးမှာလား Tuka စိုးရိမ်နေပေမယ့် တကယ်တမ်းကျတော့ Manatoကဘေးခန်းမှာ အိပ်ယာဝင်သွားတယ်! ကြည့်ရတာ ဒီနေရာက Tuka နဲ့ Manatoက သူငယ်ချင်းတွေပဲဖြစ်နေနိုင်ပြန်တယ်!

အခု မနက်​​စော​စော Manato အခန်းဝ Tuka ​ရောက်​​နေသည်​!

Manato နိုးပြီလား? ဒါမှမဟုတ်​ အိပ်​တုန်းလား? အခန်းထဲဝင်​သွားလို့ဖြစ်​ပါ့မလား?

လား​ပေါင်းများစွာနဲ့ Tuka အ​တွေး​တွေ အ​လေးချိန်​ပိလာတယ်​!

"ဘာပဲဖြစ်​ဖြစ်​ကွာ....ငါ့​သော့က အ​ရေးကြီးတယ်​"

နောက်​ဆုံး စိတ်​ပိုင်းဖြတ်​ကာ တံခါး​ခေါက်​လိုက်​တယ်​!

*​ဒေါက်​ ​ဒေါက်​ ​ဒေါက်​*

"Manato!"
"အင်း ဝင်​ခဲ့​လေ Tuka chan!"

အထဲက Manatoရဲ့ ခပ်​အုပ်​အုပ်​အသံက အိပ်​​နေဟန်​မတူ! Tuka တံခါးကိုတွန်းဖွင့်​ဝင်​လိုက်​​တော့ Manato က စားပွဲ​ပေါ်မှာ စာရွက်​လိပ်​​တွေ ကွန်​ပက်စ်​ ​တွေနဲ့ အလုပ်​ရှုပ်​​နေတယ်​!

"အခန်းထဲဝင်​ဖို့ကို ဘာလို့ အထူးအဆန်းလို တံခါး​ခေါက်​​နေ​သေးတာလည်း Tuka chan?"

လှည့်​မကြည့်​ပဲ​မေးတဲ့ Manato ရဲ့​မေးခွန်းကို Tuka ​ဖြေရကျပ်​သွားတယ်​!

"အဲ.....​အော်​ ငါမင်းအိပ်​​နေရင်​ အိပ်​​ရေးပျက်​မှာစိုးလို့ပါ"

Tuka ​ပြောပြီးမှ မှားပြီဆိုတာသတိရလိုက်​မိသည်​! မ​နေ့ကတင်​ Manato​ပြောဖူးသည်​ ! ဒီPandora က Tuka က Manato ကို စိတ်​မပူတတ်​ဖူးဆိုတာ!!

ဒါ​ပေမယ့်​ အခု Tuka ရဲ့ အ​ဖြေကို Manatoက ဘာမှ မတုန့်​ပြန်​.....သူ့မျက်​စိ​ရှေ့က စာရွက်​ကိုသာ သည်းမည်းကြည့်​​နေတယ်​! Tuka Manato နားတိုးသွားရင်း အခန်းထဲ မျက်​​စေ့ကစားကြည့်​လိုက်​​တော့...... သူ့အခန်းထဲကနဲ့ မခြား စာရွက်​လိပ်​​တွေ ​မြေပုံ​တွေ ပစ္စည်းတိုလီမှုတ်​စ​တွေ......​နောက်​ ချွတ်​ပုံထားတဲ့ အဝတ်​အစားတချို့.....ဒါ...Manato အဝတ်​​တွေလား!? အနီးနားမှာရှိ​နေတဲ့ အကျီတထည်​ကို ​ကောက်​ကြည့်​လိုက်​​တော့ အကျီက ခပ်​​သေး​သေး! ဒါ Manato အကျီမဖြစ်​နိုင်​ ! ဒါဖြင့်​ ဒါဘယ်​သူ့အကျီလည်း?

Love DimensionWhere stories live. Discover now