Zawgyi Version
"မြေပုံကို မင်းဘယ်လိုယူဖို့ စဉ်းစားထားလည်း?"
မနက်စောစော Green Lion အဖွဲ့ဆီကို ထွက်လာခဲ့တဲ့ လမ်းမှာ Kugahara က မေးခြင်းဖြစ်သည်!
"ငါ ခေါင်းဆောင်နဲ့ဝင်တွေ့ဖို့ စဉ်းစားထားတယ်"
"ဘာ!!!!!???"Kugahara အော်သံကြောင့် ဘေးက သစ်ပင်ပေါ်က ငှက်တအုပ် ထပျံသွားတယ်!
"မင်း ရူးနေလား ဟိုက မင်းကိုမြေပုံပေးဖို့နေနေသာသာ မင်းဆီက သော့ကိုယူပြီး မင်းကို နောက်ဘဝပို့ပေးလိမ့်မယ်"
Kugahara ပြောစကားက မမှားပေ! ဒါပေမယ့် Tuka ကံကို လောင်းကြေးထပ်ချင်တယ်! Kugahara ရဲ့ တိုက်ရည်ခိုက်ရည်ကို ယုံကြည်ပေမယ့် နှစ်ယောက်ထဲ အဖွဲ့တခုထဲဖောက်ဝင်ဖို့ဆိုတာ မလွယ်ကူ ! အထူးသဖြင့် Tuka လို ဘာမှ အတွေ့အကြုံမရှိတဲ့သူအဖို့ အခန့်မသင့်လျှင် ကိုယ့်ကြောင့် Kugahara ပါ အန္တာရယ်ထဲကျရောက်နိုင်သည်!
"Tuka! မင်း ကိုယ့်သေတွင်းကိုယ်တူးနေတာတော့မဟုတ်ပါဘူးနော်?"
Kugahara က တိတ်နေတဲ့ Tuka ကို သံသယဖြစ်လာဟန်တူသည်! ရှေ့တည့်တည့်က ပိတ်ရပ်ရင်းမေးတယ်!
"ငါပြောမယ် Kugahara! ဟိုနေ့က လူတွေက ငါ့ကိုခေါ်တာ သူတို့Boss ကတွေ့ချင်လို့ လို့ပြောတယ်!"
"အဟက် မင်းက အဲ့ဒါကို ယုံတယ်ပေါ့ ! hahahaha ငါ့ကို ရယ်ပြီးသေအောင်မလုပ်စမ်းနဲ့ !!! ဒါ ရှင်းနေတာပဲလေ မင်းဆီက သော့ကိုလိုချင်နေတာ မင်းကိုလိုချင်တာမဟုတ်ဖူး!!!"
"Kugahara ! တကယ်လို့ သော့ကို လိုချင်တာဆို မင်းရောက်မလာခင် ငါ့တယောက်ထဲတုန်းက အချိန်မရွေးလုယူလို့တယ်လေ! ငါကိုတွေ့ချင်တယ်ဆိုတာ အကြောင်းရှိရမယ်လို့ ငါထင်တယ်"Kugahara ခေါင်းကိုခါရမ်းနေသည်! သေချာဆုံးဖြတ်ပြီးဟန်တူတဲ့ ..... ပြင်ဖို့စိတ်ကူး စိုးစဉ်းမျှ ရှိဟန်မတူတဲ့ Tuka ကို Kugahara လက်မြောက်လိုက်တယ်!
![](https://img.wattpad.com/cover/67484888-288-k303998.jpg)
أنت تقرأ
Love Dimension
أدب الهواةThere have many different dimensions at the same time , same place..... Tuka is a normal girl but game worm! One day she cought an accidient.....she reach the other dimension of the world....The story begin....... This story is my own creation LN...