Episode 9

1.9K 245 8
                                    

Zawgyi Version

"အမ​လေး ​နောက်​ကျ​နေပြီ!!! ငါ ဘယ်​လိုလုပ်​ပြီ အိပ်​​ပျော်​သွားတာလည်း!!!!!!"

Tuka အသည်းအသန်​ အိပ်​ယာက ကုန်းရုန်းထပြီး ​တွေ့တဲ့ အကျီ​ကောက်​စွပ်​ကာ အထုတ်​ဆွဲပြီး အခန်းထဲက ထွက်​ဖို့ တံခါးလက်​ကိုင်​ကို အလှမ်း..... န​ဘေးက အမှိုက်​ခြင်း​ပေါက်​စ​လေးဆီ အကြည့်​​ရောက်​မိ​တော့.....ခြင်းထဲမှာ Agato ရဲ့ ကုတ်​အကျီကို တစွန်းတစ လှမ်းမြင်​ရတယ်​!

Tuka ပြုံးလိုက်​မိတယ်​!

ဒါ Manato လက်​ချက်​​လေ.....မ​နေ့ကထဲက ဒီအကျီကို Manato မျက်​စိစပါး​မွှေးစူး​နေခဲ့တာ!

တခါတခါ Manatoက Tuka ထင်​မထားတာ​တွေပြုမှုတတ်​သည်​! ​တခါတခါ တိတ်​ဆိတ်​ငြိမ်​သက်​​နေတဲ့ ကန်​​ရေပြင်​လိုရှိ​နေတတ်​သ​လောက်​ တခါတခါ သူမတူ​အောင်​ လှိုင်းထန်​တတ်​သည်​!

Tuka အ​တွေး​တွေက Tuka ကို ပြန်​လန့်​လာ​စေတယ်​! ဒီရက်​တိုတိုအတွင်းမှာ သူ Manato ကို ဘာလို့ဒီ​လောက်​တွယ်​တာ နားလည်​​နေမိလည်း? ဒါမဖြစ်​သင့်​တဲ့ ကိစ္စတစ်​ခုဖြစ်​သည်​!

မကြာခင်​.......

သော့ကိုသာရှာ​တွေ့ခဲ့တဲ့ အချိန်​​ရောက်​ခဲ့ရင်​.......

အရာအားလုံးက ချန်​ထားခဲ့ရမှာ ချည်းသာဖြစ်​သည်​!

ရုတ်​တရက် Tuka စိတ်​​တွေ ​လေးလံ​သွားတယ်​!

"Tuka chan နိုးပြီလား ငါ အခုပဲလာနှိုးမလို့ ...... မျက်​နှာလည်း မ​ကောင်းပါလား ဘာဖြစ်​လို့လည်း?"
"ဟမ်​...ဘာမှမဖြစ်​ပါဘူး အိပ်​​ရေးမဝ......."

အိပ်​​ရေးမဝ...လို့ ​ပြောပြီးမှာ Tuka မျက်​နှာပူလာပြန်​တယ်​ !

မ​နေ့ညက အိပ်​​ရေးမဝရတဲ့ အဓိက အ​ကြောင်းအရင်းက.......

ငို​နေတဲ့ Tuka ကို အငိုတိတ်​ဖို့ Manato ​တော်​​တော်​ကြိုးစားလိုက်​ရတယ်​! ရှည်​လျှားတဲ့ အနမ်းတစ်​ခုရဲ့ အဆုံးသတ်​မှာ Tuka ကြို့ထိုးပြီး အငိုတိတ်​သွား​လေသည်​!

ဒါ​တောင်​ တချက်​တချက်​ မျက်​ရည်​​တွေ ဝဲဝဲလာလို့ Manato က တညလုံး​ဘေးမှာ ရှိ​နေ​ပေးရတယ်​!

Love DimensionWhere stories live. Discover now