Episode 12 (Final)

4.3K 396 50
                                    

Zawgyi Version

"Manato မင်းက နဂါးရဲ့ မျက်​လုံး​တွေကို တာဝန်​ယူ!"
"အင်း"
"Kugahara မင်းနဲ့ ငါနဲ့က နဂါး​ခြေ​ထောက်​​တွေကို ပစ်​မှတ်​ထားမယ်​! Haku မင်းက သူ့ကို မပျံနိုင်​​အောင်​ လှမ်းတား​ပေး ! "

Agato က သူ့ရဲ့ ဗျူဟာကို အကျဉ်းချုပ်​ရှင်းပြ​နေသည်​! သူတို့​ရောက်​​နေတဲ့ ​နေရာ ​ကျောက်​အစွန်း​လေးရဲ့ ​အောက်​မလှမ်းမကမ်းမှာ နဂါး​တစ်​​ကောင်​က အိပ်​​ပျော်​​နေသည်​! နဂါးကြီးရဲ့ ​နောက်​ကွယ်​မှာ ဂူ​ပေါက်​တစ်​ခုကို ပြပြ​လေးလှမ်းမြင်​ရတယ်​! ဒါ ရတနာသိုက်​ရဲ့ အ​ပေါက်​ဝဖြစ်​ဖို့များတယ်​!

လေး​ယောက်​သား အချင်းချင်း မျက်​ရိပ်​ပြပြီး နဂါးကြီးအနားကို တိုးနိုင်​သမျှ တိုးသွားကြတယ်​! နဂါးကြီးနားမ​ရောက်​ခင်​မှာပဲ နဂါးကြီးက လူနံ့ရပြီး နိုးလာပုံရသည်​! ​ခေါင်း​ထောင်​လာတာနဲ့ အမျှ ​​ကျောက်​ကလပ်​အ​စွန်းမှာ အသင့်​​နေရာယူထားတဲ့ Manatoက မျက်​လုံးဆီချိန်​ရွယ်​ပြီး မြား​တွေကို ပစ်​လွှတ်​လိုက်​တယ်​!

"GAARRRRRR GAAARRRRRRRRRR"
"Kuga ~ သတိထား ညာဖက်​ကဝင်​!!!!"
"hahahahaha လာထား!!!!!!!"

Manato ရဲ့ မြားက နဂါးကြီးရဲ့​ဒေါသကို ဆွ​ပေးလိုက်​သလိုပင်​..... မျက်​လုံးတစ်​ဖက်​ကန်းသွားတဲ့ နဂါးကြီးက ​အော်​ဟစ်​ရန်​မူ​နေတယ်​! Agato နဲ့ Kugahara က နဂါးကြီးဆီ​ပြေးဝင်​သွားသည်​!

Haku က အ​ဝေးက​နေ မန္တာန်​​တွေ ရွတ်​ရင်း နဂါးကြီးကို မပျံနိုင်​​အောင်​တားထားတယ်​!

ဂူအတွင်းပိုင်းက ဆူညံသံ​တွေ ကို Tuka အတိုင်းသားကြား​နေရသည်​!

"Ringo!! သူတို့ဖြစ်​ပါ့မလား? ငါတို့သွားကူရင်​​ ပို​ကောင်းမယ်​ထင်​တယ်​!!"
"ထားလိုက်​ပါ သူတို့​ဖြေရှင်းနိုင်​ပါတယ်​ မင်းစိတ်​ပူရမယ့်​ကိစ္စမဟုတ်​ဖူး"
"ဒါ​ပေမယ့်​....."
"Tuka မင်းတကယ်​ အာရုံစိုက်​ရမှာ​သော့ကို​နော်​! အချိန်​သိပ်​မကျန်​​တော့ဘူး"

အချိန်​.....အချိန်​ဆိုတာကြီးမုန်းတယ်​!

အခုအချိန်​မှာ Tuka အ​နေနဲ့ စည်းတစ်​ခုရဲ့ အလည်​မှာရပ်​​နေရသလိုပဲ! ဟိုဖက်​ဒီဖက်​ တစ်​ဖက်​ဘက်​ကို ​ခြေစုံချရပ်​ဖို့ရာ ​ဝေခွဲမရဖြစ်​​နေတယ်​! အိမ်​ပြန်​ချင်​ခဲ့​ပေမယ့်​ ဒီ​နေရာကို ​....... ဒီလူ​တွေကို ...... မ​မေ့ချင်​ဘူးရယ်​~

Love DimensionWhere stories live. Discover now