Episode 6

1.8K 265 3
                                    

[Zawgyi Version]

"Tuka chan!!!"

"Ma..Manato~"

*ဝုန်း*
*ခွပ်​*
"အင့်​~"

Manato ရဲ့ တုန့်​ပြန်​မှုက လျှင်​မြန်​သည်​! Tuka ​ပေါ်အုံ့မိုး​နေတဲ့ Kugahara ကို ဂုတ်​ကဆွဲဖယ်​ပြီးထိုးချလိုက်​တယ်​!

Kugahara ကလည်း မခံ .... Manato မျက်​နှာ​ပေါ်တဆက်​ထဲ လက်​သီးတလုံး ပြုတ်​ကျလာတယ်​!

အခန်း​လေးထဲက ရုန်းရင်းဆန်​ခတ်​က မြန်​ဆန်​လွန်းလှတယ်​! Tuka အလန့်​တကြားမှင်​သက်​​နေရင်းက သတိရပြီး ထ​အော်​မိ​လေသည်​!

"Manato ​တော်​​တော့!!!!! Kugahara ရပ်​စမ်း!!!!"

Tuka အသံ​ကြောင့်​ နှစ်​​ယောက်​သား ​ကော်​လံ​တွေကိုဆွဲရင်း ရွယ်​ထားတဲ့ လက်​​တွေ ​လေထဲရပ်​ကုန်​တယ်​!

"​တော်​​တော့ !!!!"

Tuka က နှစ်​​ယောက်​ကြားဝင်​ပြီး ဆွဲခွာလိုက်​သည်​အထိ နှစ်​​ယောက်​သား မျက်​လုံးချင်း စစ်​တိုက်​​နေကြတုန်း!

အခု​တော့ Tuka သစ်​လုံးအိမ်​​လေးရဲ့ ဧည့်​ခန်းထဲမှာ ​​ခွေးတစ်​​ကောင်​နဲ့ ​ကြောင်​နက်​တစ်​​ကောင်​တို့ မျက်​နှာချင်းဆိုင်​ ရန်​​စောင်​​နေကြသည်​!

Kugaharaမျက်​လုံးတစ်​ဖက်​က ညိုမဲ​နေပြီး Manato နှုတ်​ခမ်း​ထောင့်​စွန်းမှာ ​သွေး​တို့ဆို့​နေတယ်​!

သူတို့နှစ်​​ယောက်​ကို ကြည့်​ပြီး Tuka သက်​ပြင်းချမိပြန်​သည်​!

"ဒီ​ကောင်​က ဘာ​ကောင်​လည်း? Tuka chan"

Manato ရဲ့အစိမ်း​ရောင်​ မျက်​ဝန်း​တွေက စူးရှလို့​နေတယ်​!

"ငါနဲ့ ပဲပင်​​ပေါက်​​လေးနဲ့ ပတ်​သတ်​မှုကို မင်းသိစရာမလိုပါဘူး"
"ဘာ!!!!!"

Kugahara ရဲ့ မထိတထိအ​ဖြေစကားက Manato ကို ​သွေး​ဆောင့်​တိုး​စေသလားမသိ Manato က ဝုန်းကနဲ ထရပ်​ပြီး Kugahara ​ကော်​လံကို ​ဆောင့်​ဆွဲလိုက်​တယ်​!

"မင်းက ဇာတ်​လမ်းဆက်​ချင်​တာလား? ရတယ်​​လေ အချိန်​မ​ရွေးပဲ!!"
Kugahara မျက်​နှာထားနဲ့ စကားလုံး​တွေက Manato ကို တမင်​ဆွ​ပေး​နေသလိုလို.....

Love DimensionDonde viven las historias. Descúbrelo ahora