Zawgyi Version
ညဥ့်ပိုးကောင်တွေ စီစီ စီစီအော်နေပြီး ဖိုထားတဲ့ မီးပုံဆီက တောက်လောင်သံ တဖျစ်ဖျစ်ကြားမှာ Tuka နိုးလာတယ်! ဆတ်ခနဲ ထထိုင်လိုက်တော့ ပုခုံးထက်ဆီက စူးခနဲ နာကျင်သွားသည်!
"ah~"
ဘေးကိုလှည့်ကြည့်လိုက်တော့ လက်မောင်းတွေ ခြေထောက်တွေမှာ ပတ်တီးအဖွေးသားနဲ့ Haku ကိုတွေ့ရတယ်! Haku နှဖူးပြင်မှာ ချွေးစလေးတွေရှိသလို မျက်ခုံးတွေက တချက်တချက် တွန့်တွန့်သွားသည် !
သူအရမ်းများ နာကျင်နေလား?
Haku ဆီ ဒီထက်ပိုစောစောမရောက်မိတဲ့ သူ့ကိုသူ Tuka အပြစ်တင်နေမိတယ်!
"မင်းဘယ်သူလည်းဆိုတာပဲ ပြောစမ်းပါ"
"Ho~ ငါက ဘာကိစ္စ မင်းတို့လို အဆင့်နိမ့်တွေကို အဖက်လုပ်ပြောနေရမှာလည်း?"
"ဘာ!"
"Kugahara နေအုံး ! ဒီမယ် ငါသိချင်တာက မင်းနဲ့ Tuka ဘယ်လိုပတ်သတ်သလဲ ဆိုတာပဲ"**Manato ရဲ့ အသံ? ဘာတွေဖြစ်နေကြတာလည်း? ဘယ်သူကိုမေးနေ......arrrrrrrrrrrrr ဟို သေမင်း!!!! အမလေး!!**
Tuka ငေါက်ခနဲ ထပြေးတော့တယ်!
"ဟို...."
"Tuka chan?"
"အင်း"
"မင်း ဘာကိစ္စထလာပြန်လည်း ပဲပင်ပေါက်"
"အဲ ဟို .... "
"မင်းနိုးလာပြီလား? ကိစ္စမရှိတော့ရင် ငါပြန်မယ်"သေမင်းက သူဘေးကလူတွေကို တွန်းဖယ်ပြီး Tuka ဆီလျှောက်လာကာမေးလိုက်သည်!
"ပြန်လို့မရသေးဘူး!"
"ဘာလို့လည်း? ငါဒီလောက် အလုပ်တွေများတာ မင်းလည်းသိတာပဲ! အခုတောင် တတီတီ မြည်နေတဲ့ အသံကို မနည်း လျစ်လျူရှုထားရတာ!ပြန်မယ် ! မင်းကို ပေးထားတဲ့ ပုလင်းက မန္တာန်နောက်တစ်ကြောင်းကို မြန်မြန်ရွတ်စမ်း!"ထုံးစံအတိုင်း သေမင်းက သူရွှေဝါရောင်ဆံပင်တွေကို သပ်တင်ရင်းပြောနေသည်!
Agato ကတော့ ခပ်လှမ်းလှမ်းက ကျောက်တုံးတစ်ခုပေါ်မှာ ဟန်ကျပန်ကျ ထိုင်ရင်း အခြေအနေအရပ်ရပ်ကို အကဲခတ်နေသည်! Agato ရဲ့ စူးရဲရဲ အနီရောင် မျက်ဝန်းတွေက ငါအားလုံးသိတယ် လို့ပြောနေသယောင်!

VOUS LISEZ
Love Dimension
FanfictionThere have many different dimensions at the same time , same place..... Tuka is a normal girl but game worm! One day she cought an accidient.....she reach the other dimension of the world....The story begin....... This story is my own creation LN...