Episode 2

2.5K 307 2
                                    

[Zawgyi Version]

*တီ တီ တီ တီ*

"အမ​လေး!!!!"

အဆက်​မပျက်​မြည်​သံတစ်​ခု​ကြောင့်​ Tuka အလန့်​တကြားနိုးလာသည်​!

"ဘာလည်း? ​စော​စောက ဟာ​တွေအားလုံးက အိမ်​မက်​လား?????"

"အမ​လေး​တော်​​သေးတာ​ပေါ့!!! hahahaha ငါ့နှယ်​ အဲ့ဒါ​ကြောင့်​ ဆံပင်​​ရွှေဝါ​ရောင်​နဲ့ ​မော်​ဒယ်​လို​သေမင်းဆိုတာ ဖြစ်​မှ မဖြစ်​နိုင်​ပဲ ခွိခွိ! ​တော်​​သေးတယ်​! ahhhh အလုပ်​သွားရမှာပဲ!!! ​နောက်​ကျ.....ကျ.....ဟမ်​??????"

Tuka ​ရဲ့ ​ပျော်​ရွှင်​မှု​လေး​တွေက ​ရှေ့တည့်​တည့်​က မှန်​ထဲက ပုံရိပ်​ကိုမြင်​သည့်​အချိန်​တွင်​ ကြိုးလွတ်​သွားတဲ့ မိုးပျံဘူ​ဘောင်းလိုပဲ! မှန်​ထဲမှာ အဖြူ​ရောင်​ လိပ်​​ခွေ​ခွေဆံပင်​​လေး​တွေနဲ့ ​ကောင်​​လေးတစ်​​ယောက်​ရဲ့ ပုံရိပ်​ရှိ​နေ​လေသည်​!

စိတ်​ပျက်​လက်​ပျက်​ အခန်းထဲလှည့်​ပတ်​ကြည့်​​တော့မှ Tuka ရဲ့ အရင်​အိမ်​ခန်းမဟုတ်​ဖူးပဲ! အရင်​အခန်းလို တိုက်​ခန်း​လေးမဟုတ်​တဲ့ အခုလက်​ရှိ သစ်​လုံးအိမ်​​လေးက ဒီ Dimension ထဲက Tuka ရဲ့ အိမ်​လား? အသုံးအ​ဆောင်​တချို့ကလည်း ​ရှေးဆန်​​နေသလိုပဲ! ဒီအိမ်​မှာ Tuka တ​ယောက်​ထဲလား? ဒါမှမဟုတ်​.......

"Tu.....ka chan!!!!!!!!!!!!!"
"u....waaaahhhhhhhhhhh ဖယ်​ ဖယ်​စမ်း ဘာလည်း!!!!!"

ရုတ်​တရက်​ တံခါးပွင့်​လာပြီး ​ခေါ်သံနဲ့အတူ Tuka တစ်​​ယောက်​ သိမ်းကျုံးအဖက်​ခံလိုက်​ရသည်​!

"ဟင်​ မင်းကလည်း နှစ်ပတ်​​လောက်​မ​တွေ့တာနဲ့ စိမ်းကားသွားလိုက်​တာ"

Tuka အတင်းတွန်းဖယ်​လိုက်​တဲ့ ​ကောင်​​လေးက Tuka ကို မျက်​နှာညိုညိုနဲ့ကြည့်​ရင်း အပြစ်​တင်​​နေသည်​!

ဘယ်​သူလည်း?

အဲ့ဒိ့ ​ရေညှိ​ရောင်​ ဆံပင်​​တွေနဲ့ အရပ်​ရှည်​ရှည်​ ကြင်​နာတတ်​တဲ့ မျက်​ဝန်း​တွေနဲ့ သူက......ဘယ်​သူလည်း?

ကြည့်​ရတာ ဒီ​နေရာက Tuka နဲ့ အ​တော်​ရင်းနှီးပုံရသည်​!

"အာ့.....မဟုတ်​ပါဘူးကွာ ငါအ​တွေးလွန်​​နေတုန်း မင်းက ရုတ်​တရက်​​ရောက်​လာတာကို ...အဲ့ဒါ​ကြောင့်​"
"ဟီးဟီး ​အေး​ပေါ့ ဒါဆိုလည်း ​ဟောဒီက Manato sama က ခွင့်​လွှတ်​​ပေးရမှာ​ပေါ့!!!"

Love DimensionWhere stories live. Discover now