Episode 11

1.7K 252 0
                                        

Zawgyi Version

Tuka ဒါဏ်​ရာ သက်​သာ ​ပျောက်​ကင်းလာချိန်​ သူတို့ခရီးကို ဆက်​ခဲ့ကြတယ်​!

ခရီးလမ်းက ခက်​ခဲ​ပေမယ့်​ Ringo ရှိ​နေတဲ့အတွက်​ အ​တော်​​လေးအဆင်​​ပြေ​ပြေရှိလှသည်​! ခက်​ခဲတဲ့ ဝှက်​စာ​တွေပြည့်​​နေတဲ့ ​မြေပုံရဲ့ ကျန်​ရှိ​နေတဲ့ အပိုင်းကို Haku က ဒိုင်​ခံတာဝန်​ယူထားတယ်​! Agato က​တော့ သူ့ရဲ့​နောက်​ထပ်​ စွန့်​စားရှာ​ဖွေ​ရေး လုပ်​ငန်းစဉ်​​တွေအတွက်​ Ringo ကို ပူ​ပေါင်းပါဝင်​နိုင်​မလား ကြိုကမ်းလှမ်း​နေသည်​!

Kugahara က​တော့ စွန့်​စားချင်​သူပီပီ Treasure Hunter ဘဝကို သ​ဘော​တွေ့လာပုံရတယ်​! သူနားမလည်​တဲ့အ​ကြောင်း​တွေ တခါတခါ Manato နဲ့ ​ဆွေး​နွေး​လေ့ရှိသည်​! Manato က အမြဲ စိတ်​ရှည်​လက်​ရှည်​ ရှင်းပြတတ်​တယ်​!

သူတို့ကြားထဲမှာ Tuka က တကယ်​အပြင်​လူပါပဲ! မ​ဝေး​တော့တဲ့ ဒီခရီးတစ်​ခုရဲ့ အဆုံးသတ်​မှာ Tuka တကယ်​သူတို့ကို ထားခဲ့ရမှာပါပဲ! Tuka ရဲ့ အရင်​​နေရာ.....အချိန်​တိုင်း Game ​တွေနဲ့ ပြည့်​​နေတဲ့ ကိုယ်​ပိုင်​​နေရာ ..... အဲ့ဒီ့​နေရာကို ပြန်​​ရောက်​ခဲ့ရင်​.....ရက်​အနည်းငယ်​ ဆုံဆည်းခဲ့တဲ့ သူတို့ကို ​မေ့သွားနိုင်​မလား? အထူးသဖြင့်​ Manato......

Tuka Manato ကို လှမ်းကြည့်​လိုက်​​တော့ Manato က Kugahara နဲ့ စကား​တွေ​ပြောရင်း ရယ်​​မော​နေသည်​!

*ဘုန်း*
"အမ​လေး!"
"ဘာတုန်း ပဲပင်​​ပေါက်​ရ လန့်​လိုက်​တာ"
"hump! ​ရေ....​ရေလာ​ပေးတာ ​မော​နေကြမှာစိုးလို့!!!!!"

Tuka Manato တို့အလယ်​ကို ​ရေဘူးပစ်​ချကာ ​ပြောပြီး ထွက်​လာခဲ့သည်​!

သူတို့​ပြော​ပြောနိုင်​လွန်းတယ်​ ! Tuka ရင်​ထဲ ဘာလို့ မ​ကျေမနပ်​ဖြစ်​​နေလည်း? တကယ်​တမ်းက Manato ကို Tuka ထားခဲ့ရမယ်​ဆို​ပေမယ့်​ အခုအတူရှိ​နေချိန်​မှာ အနားမှာရှိ​နေ​စေချင်​တယ်​! တကိုယ်​​ကောင်းဆန်​တယ်​ဆိုလည်း ရှိ​စေ​တော့....တခါတခါ မဖြစ်​သင့်​ဘူးဆိုတာ​တွေကို လျစ်​လျူရှုထားချင်​ပါတယ်​!

"Tuka chan"
"ဘာလည်း!!"

Hump Manato မျက်​နှာက မချိုမချဉ်​နဲ့ ..... ဆွဲကုတ်​ချင်​တယ်​!

Love DimensionWhere stories live. Discover now