[Zawgyi Verion]
Tuka တစ်ယောက် Hakuကိုတွေ့လိုတွေ့ငြားမြို့ထဲ လျှောက်လာလိုက်တာ ဈေးလိုလိုနေရာကိုတောင် ရောက်လို့လာသည်!
"ရှေ့ကဈေးထင်တယ်! Haku က ဈေးထဲဝင်သွားတာတော့လည်း မဖြစ်နိုင်ဘူး! ဖြစ်နိုင်ရင်တောင် ဒီလောက်လူများတာ ငါဘယ်လိုရှာလို့ရမှာလည်း!"
Tuka ဈေးထဲမဝင်ဖို့ ဆုံးဖြတ်လိုက်သည်! လူတွေ တိုးတိုက်မတပ် စည်ကားသွားလာနေတာ မြင်တာနဲ့တင် ခေါင်းတွေကိုက်လာသလိုပဲ! အိမ်ပြန်တာကောင်းမယ်! Manato ကို Haku အကြောင်းမေးရင်ကောင်းမလား?
Manato......
Manato အကြောင်းတွေးမိတော့ မျက်နှာပူလာပြန်တယ်! ယောင်ရမ်းပြီး စမ်းမိတဲ့ နှုတ်ခမ်းတွေ ပူနွေးဆဲ...
နှုတ်ခမ်းလေး တကိုင်ကိုင်နဲ့ Tuka ဆက်လျှောက်လာစဉ်...
"ကောင်လေး ငါတို့နဲ့လိုက်ခဲ့စမ်း"
"ဟမ်?"Tuka မော့အကြည့် အနက်ရောင် ဝတ်ထားတဲ့ လူသုံးလေးယောက်လောက် Tuka ရှေ့မှာ ပိတ်ရပ်နေတယ်!
"ခင်ဗျားတို့က ဘယ်သူတွေလည်း?"
"မင်းသိစရာမလိုပါဘူး"
"ဒါဆို ကျုပ်လည်း လိုက်စရာမလိုဘူးပေါ့"Tuka ဘောက်ဆတ်ဆတ်ပြန်ပြောပြီး လှည့်အထွက်...
"အဲ့သလောက် မလွယ်ဘူးလေ ! လိုက်ဆို လိုက်ခဲ့စမ်းပါ အကြမ်းမဖက်ချင်ဘူး"
အနက်ဝတ်လူတွေက Tuka ကို ဝိုင်းလိုက်သည်!
**ပြဿနာပဲ!! ဒီက Tuka ဆိုတဲ့ကောင် လူဆိုးဂိုဏ်းမှာ အကြွေးများရှိလားမသိ! ငါတော့ စိတ်ညစ်တယ်**
"Boss က မင်းကိုတွေ့ချင်နေတယ်! ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်လိုက်ခဲ့စမ်းပါ"
**Boss!???? ဘယ်က Boss လည်း ဒီPandora မှာရော Yakusa တွေဘာတွေရှိတာလား??**
Tuka အတွေးတွေနဲ့ နပန်းလုံးနေစဉ်မှာပဲ အနက်ဝတ်လူတစ်ယောက်က Tuka လက်ကို ဖမ်းဆွဲလိုက်လေသည်!
"လွှတ်...လွှတ်စမ်း!!!!!!"
*bite*
"arrrrrrrrrrrrrrrrr မသာလေး!!! ငါ့ကို ကိုက်တယ်! ဟိတ်ကောင်တွေ ရအောင်ဖမ်းစမ်း!!!!"လက်ကိုလာဆွဲလို့ Tuka ကိုက်လွှတ်လိုက်တဲ့သူက အခု အဖွဲ့ထဲမှာ ခေါင်းဆောင်ဖြစ်ပုံရတယ်! သူလူတွေကို အော်ဟစ်အမိန့်ပေးလိုက်လေသည်! Tuka လည်း အခြေအနေကို ရိပ်စားမိကာ တချိုးထဲပြေးလေတော့သည်!
![](https://img.wattpad.com/cover/67484888-288-k303998.jpg)
YOU ARE READING
Love Dimension
FanfictionThere have many different dimensions at the same time , same place..... Tuka is a normal girl but game worm! One day she cought an accidient.....she reach the other dimension of the world....The story begin....... This story is my own creation LN...