Episode 5

1.8K 261 5
                                    

[Zawgyi Version]

နွေးလိုက်တာ....

ဒါပေမယ့်......

လေးတယ်!

"ah!!"

Tuka မျက်လုံးနှစ်ဖက်ကိုဖွင့်ကြည့်လိုက်တော့..... ကြွက်သားအပြည့်နဲ့ တောင့်တင်းတဲ့ရင်ဘတ်တစုံ..... ဒါ...Manato!!!!!!!!!!!!

"arrrrrrrrr!!!!!!!!!!!"

Tuka အော်ဟစ်ပြီး Manato ကို ကန်ချလိုက်သည်!

"ahhhh"
*ဝုန်း*

"အား ကျွတ်ကျွတ် မင်းရဲ့ မနက်ခင်းနှုတ်ဆက်ပုံကလည်းကွာ"

Manato က နာသွားတဲ့ခါးကို ကိုင်ရင်း ရယ်ကျဲကျဲပြောနေတယ်!

"နေစမ်းပါအုံး မင်းက ဘာလို့ကိုယ့်အခန်းထဲကိုယ် မအိပ်ပဲ ဒီမှာလာအိပ်နေရတာလည်း!!!"

Tuka မေးခွန်းကြောင့် ဘေးက ကုလားထိုင်နောက်မှီပေါ်တင်ထားတဲ့ ရှပ်​အကျီကိုဝတ်နေတဲ့ Manato ငြိမ်သွားတယ်! ပြီးမှ....

"မင်းပဲမနေ့က ချမ်းလို့ဖက်ထားပေးပါဆို!"

*blush* *blush * *blush*

Tuka မျက်နှာရဲကနဲဖြစ်သွားသည်!

**ဘာလည်း? ငါတကယ်ပဲ သူ့ကို အဲဒီလိုပြောခဲ့မိလား!?????**

**arrrrrrrrrr သေစမ်း သေစမ်း!!!**

"ahahahahahaha ကောင်လေးဖြစ်သွားတဲ့ ရုပ်ကိုကြည့်အုံး hahahaha "
"မသာ!!!!!"

ခုမှ Manato နောက်မှန်းသိပြီး ခေါင်းအုံးနဲ့လှမ်းပေါက်ပစ်လိုက်သည်! Manato က အော်ဟစ်ရယ်မောရင်း အခန်းပြင်ထွက်သွားတယ်!

Pandora မှာရောက်နေတဲ့ Tuka ရဲ့ တတိယမြောက်ရက်....

အခုထိ​သော့နဲ့ ပတ်​သတ်​တာဆိုလို့ ဘာမှမထူးခြား​သေး.....

ကိုယ်မသိတဲ့ ကိုယ်နဲ့ပတ်​သတ်​တဲ့သူ​တွေနဲ့သာ တစ်​​ယောက်​ပြီးတစ်​​ယောက်​​တွေ့​နေရတယ်​!

နောက်ပြီး အခုလို အဖြစ်အပျက်တွေ ....

Manato ရဲ့ အပြုံးတွေ ဂရုစိုက်မှုတွေက ကိုယ့်အတွက်မဟုတ်ဖူးဆိုတာ သိပေမယ့် အချိန်တိုင်းလိုလို သတိလက်လွတ် မျောပါသွားတတ်သည်!

Tuka ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်အတွေးနယ်ချဲ့နေတုန်းမှာပဲ Manato က ဆန်ပြုတ်ခွက်နဲ့ ပြန်ရောက်လာတယ်!

Love DimensionWhere stories live. Discover now