December Night [Ep-2]

936 102 3
                                    

ပေါင်မုန့်ချပ်တွေအားမီးကင်နေရင်းမှခြေသံကြောင့်မျက်လုံးကိုအပေါ်သို့ပင့်ကြည့်လိုက်သည်။

အခန်းဝမှာရပ်နေသည့်ကောင်လေးကအထဲဝင်ဖို့တွန့်ဆုတ်နေဟန်တူသည်။

Wuyifan--လာထိုင်လေ။အဲ့မှာဘာလုပ်နေတာလဲ?

ကျွန်တော့်စကားအဆုံးမရဲတရဲခြေလှမ်းများဖြင့်လှမ်းဝင်ကာခုံတွင်ဝင်ထိုင်သည်။

သူ့ရှေ့သို့ပေါင်မုန့်ပန်းကန်နဲ့ယိုဘူးချပေးလိုက်ပြီးး

Wuyifan--စားးယုန်လေး

ယုန်လေး??
သူ့ယုန်လေးလိုဖြူဖြူဖွေးဖွေးလေးမို့ကျွန်တော့်ကိုယုန်လေးလို့ခေါ်တာတဲ့…

ယုန်လေးတွေကဖြူစင်တယ်။
ကျွန်တော်ကတော့……

Luhan--ကျွန်တော့်နာမည်Xiao Luhanပါ

ကျွန်တော့်ကိုကျွန်တော်မိတ်ဆက်ပေးပေမယ့်သူကစိတ်ဝင်စားပုံမပေါ်။

ခင်ဗျားကဘယ်လိုလူလဲWuyifan!!
အခုမှတွေ့လို့လားမသိ။
နားလည်ရခက်မိတယ်။

Wuyifan--မင်းဒီနေ့စားဖို့တော့အစီစဉ်ရှိပါတယ်နော်ယုန်လေး

Luhan--Sorryကျွန်တော်အတွေးလွန်သွားလို့…

ခင်ဗျားဘာလိုမျက်မှောကျူံ့လိုက်တာလဲWuyifan!"
အလိုမကျမှုကိုအမူအရာနဲ့ဖော်ပြလိုက်တာလား??

Luhan--ခင်ဗျားစိတ်ပျက်သွားတာလား??

Wuyifan--စိတ်ပျက်တယ်!!ဘာအတွက်လဲ?

Luhan--အစားတစ်လုပ်စားဖို့တောင်လိုက်ပြောနေရတယ်ဆိုပြီးတော့လေ

Wuyifan--ငါအဲ့လိုတွေးနေတယ်လို့မင်းထင်နေတာလား??

Luhan--ကျွန်တော်ကထင်မြင်ချက်ကိုပုံဖော်ပြီးဟန်လုပ်ပြောတတ်တဲ့သူတစ်ယောက်မဟုတ်ဘူး။
ခင်ဗျားမျက်နှာပေါ်မှာဖြတ်ပြေးသွားတဲ့အလိုမကျရိပ်အယောင်တွေကိုမြင်လို့မေးမိတာ

Wuyifan--ငါမင်းကိုချီးကျူးးလိုက်သင့်လား?

Luhan--ဘာအတွက်လဲ?

Wuyifan--ငါကိုယ်တိုင်တောင်မသိနိုင်တဲ့လူတော်တော်များများအကဲမခတ်နိုင်တဲ့ငါ့စိတ်ကိုမင်းကအကဲခတ်တတ်တယ်ဆိုလို့လေ…

December NightWhere stories live. Discover now