December Night[Ep-12]

371 43 0
                                    

ချစ်ရသူရဲ့ ကိုယ်ငွေ့တစ်ချက်က ကမ္ဘာပေါ်မှာအကောင်းဆုံး ရေမွှေးနံ့ဆိုတာ သင်သိပါလား?

တပ်မက်မိတယ်။ စိုးရွံ့မှုတွေနဲ့အတူ ဒီလိုလေးGeရင်ခွင်ထဲကနေ Geကိုမော့ကြည့်ခွင့်မရှိတော့မယ့် နေ့ရက်ကို...

©©©©©©©©©©©©©©

X:;ဘာရယ်Yifan! ငါ့ကိုမင်းဘာပြောလိုက်တယ်။

မယုံနိုင်အံ့သြစွာမေးလာတဲ့ Yixingကိုမကြည့်ပဲ အပြင်ဘက်တောတန်းစိမ်းလေးတွေကို ကြည့်ပြီးသာ ကျွန်တော်သက်မချမိတယ်။

K::ဟုတ်တယ်Yixing! ငါနဲ့Luhan..

X::မင်းရူးနေလားYifan! ဟမ်? မင်းအသိဥာဏ်မဲ့ကုန်ပြီလား? ငါမေးမယ်Yifan!
မင်းအမှန်အတိုင်းဖြေ! မင်းLuhanကိုချစ်တာ အသုံးချဖို့အတွက်လား? မင်းနှလုံးသားအတွက် Luhanကအစားထိုးခံအရုပ်တစ်ရုပ် မဟုတ်ဘူးဆိုတာ မင်းသိထားYifan!

ဒေါသတွေနဲ့ Yixingစွပ်စွဲချက်တွေက ပြင်းထန်နေဆဲ။

တစ်ဆတစ်ဆဝေးကွာသွားတဲ့ Yixingခြေသံကို သတိမမူမိစွာ ကျွန်တော်ထိုနေရာမှာ အတွေးပေါင်းများစွာနဲ့ ကြောင်ငေးနေဆဲ။

*မင်းLuhanကိုချစ်တာ အသုံးချဖို့အတွက်လား?*

မဟုတ်ဘူးYixing! ငါ့နှလုံးသားက သူ့အလိုလို Luhanကို အလိုရှိနေတာ!

Luhan's Prov::

နှာခေါင်းထဲရနေကျ ကိုယ်သင်းနံ့သင်းသင်းလေး ပျောက်ကွယ်သွားချိန်မှာ ကျွန်တော်အိပ်ယာမှ နိုးလာခဲ့ပြီ။

ခိုလှုံနွေးထွေးစေရာ ကျွန်တော်Geရဲ့ ရင်ခွင်ကျယ်ကြီးရှိမနေသလို.

ငေးကြည့်ပြုံးရွှင်စေရာ Geမျက်နှာချောချောလည်း ရှိမနေ။

Geကျွန်တော့်ကိုထားသွားခဲ့ပြီလား?

ပထမဆုံးဝင်မိတဲ့ ထိုအတွေးက ဝဲဘက်ရင်အုံကို နာကျင်စေသည်။

နားထဲတိုးဝင်လာတဲ့ ခြေသံသဲ့သဲ့ကြားမှ Geရှိပါလားဆိုတဲ့အသိနဲ့ အသက်ဝဝရှုဖြစ်တော့သည်။

ကုတင်ပေါ်မှဆင်းကာ အခန်းတံခါးအား မရဲတရဲဖွင့်ကြည့်မိတော့ ကျွန်တော်ချစ်တဲ့Geက Sofaမှာထိုင်ကာ အသက်မဲ့နေလျက်။

December NightWhere stories live. Discover now