တောလမ်းအတိုင်း အပြေးနှင်နေတဲ့ ဆိုင်ကယ်လေးက မြို့ပေါ်က ဈေးလေးဆီ…။
ကျွန်တော့်ကလေးတောင်းဆိုလို့ ကလေးကိုပျော်ရွှင်စေချင်လို့သာ ကျွန်တော်ခေါ်လာခဲ့ရတာ။
တကယ်တော့ ကျွန်တော့်ကလေးလေးကို ဘယ်သူ့ကိုမှ ပေးမမြင်စေချင်ဘူး။
လှောင်ပိတ်တာမျိုးမဟုတ်ပေမဲ့ တစ်စုံတစ်ယောက်မြင်သွားလို့ Luကိုပြန်ခေါ်သွားမှာမျိုး ကျွန်တော်တကယ်မလိုလား။
ဆိုင်ကယ်မောင်းရင်း အတွေးနှင်နေတဲ့ ကျွန်တော့်ခါးကို ဖက်ကာ ကျွန်တော့်ကလေးလေးကတော့ အလွန့်အလွန်ပင် ပျော်ရွှင်နေလျက်.
ခြေလျားသွယ်တန်းတဲ့ ခြေထောက်တွေဖြင့် ထောက်ကာဆိုင်ကယ်ကို ကျွန်တော်ရပ်တန့်လိုက်သည်နှင့် Luကအလိုက်သိစွာ မြေပြင်ပေါ်သို့ သက်ဆင်းပြီးပြီ။
ဆွယ်တာအဖြူ လေးနှင့် ချစ်ဖို့ကောင်းလွန်းနေတဲ့ ကလေးရဲ့ညာလက်ကလေးတွေအား ဆုတ်ကိုင်ကာ ကျွန်တော့်Coatရဲ့ အိတ်ကပ်ထဲထိုးထည့်လိုက်တာမို့ ကျွန်တော့်ကိုကြည့်ကာ ကလေးပြုံးသည်။
L:;Geကသိပ်ချစ်ဖို့ကောင်းတာပဲ
K:;ကိုယ့်ကလေးက တအားချောတော့ ပိုင်ရှင်ရှိမှန်းသိအောင် ကြိုကာထားတာ!
L:;ကာစရာမလိုပါဘူးGeရာ! Luhanကို Wuyifanပဲပိုင်တာပါနော်!
K:;hahaဟုတ်ပါပြီ လာ ကလေး သွားရအောင်
L:;ဟုတ်ကဲ့Ge!
ဘာပြောပြော တဟုတ်ဟုတ်နဲ့ ခေါင်းလေးညိတ်ကာ နာခံတတ်တဲ့ ကျွန်တော့်အတွက် ပြိုင်စံရှားချစ်မဝသူလေးသာ.
~~~~~~~ DECEMBER NIGHT~~~~~~
ကျွန်တော့်ထက် အရပ်အတော်လေးရှည်တဲ့ Geမျက်နှာချောချောအား ကျွန်တော်ခဏခဏ မော့ကြည့်ဖြစ်တယ်.
Geကကျွန်တော့်အတွက် ကမ္ဘာကျော်ပန်းချီကားတွေရဲ့ နက်ရှိုင်းမှုထက် အဆပေါင်းများစွာ ပိုနက်ရှိုင်းတယ်.
ပန်းချီကားတစ်ချက်ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ကို နားလည်ဖို့ အကြိမ်ကြိမ်အခါခါလေ့လာရသလို Geရင်ထဲကမေတ္တာတရားကို နားလည်ဖို့ ကျွန်တော်အဖန်တလဲလဲ လေ့လာတာတောင် သိပ်မသိချင်.
