** ဟိတ်...ဘာတေလုပ်နေတာလဲ**
နားသယ်စပ်နားလေးက..
ဝေ့ခနဲ..လွင့်လာတဲ့ပူရှိန်းနံ့လေးက..
စာထိုင်လုပ်နေသည့်...
ကျနော့အာရုံထဲတိုးဝင်လာတော့..ရင်ခုန်စွာပင်..
ခေါင်းကို ငဲ့ပီး...
လှည့်ကြည့်လိုက်မိသည်..**Xiao lu**
ကျနော့နှုတ်ဖျားက
လက်လွတ်စပယ် ထွက်ကျလာတဲ့..
ခပ်တိုးတိုးနာမည်...အဆုံးမှာ..
သူက...သဘောကျသလို..
နှုတ်ခမ်းတဖက်ကို..
ကွေးညွှတ်ကာ..ပြုံးရင်း..
ရွှန်းရွှန်းစားစားကြည့်လာလေ၏..ကျနောထိုင်နေသည့်ခုံနောက်မှီပေါ်
လက်တဖက်ကို..
အားပြုကာ.. မေးထောက်ထားသဖြင့်
အညိုရောင်ဆံပင်တေကို...
နောက်ကိုအကုန်လှန်တင်ထားသည့်.
..သူ့နဖူးပြင်..ရှင်းရှင်းက
..ကျနော မျက်လုံးနှင့်တန်းနေသည့်နေရာတွင်တည်ရှိနေကာ...ခပ်ညိုညိုမျက်ခုံးတန်းပေါ်က..
မှဲ့လေးက... ကျနော့ကို
ကျီစားနေသလိုပင်..ရီမြူးရိပ်သန်းကာ..
စနောက်ချင်နေသလို..
သူ့မျက်ဝန်းတေက..
မျက်တောင်ရှည်တေကြားမှာ..ပင်
တလက်လက်နှင့်တောက်ပနေတာ
မြင်တော့ကျနော့...မျက်နှာက..
ရှိန်းခနဲပူတက်လာကာ..
အောက်နှုတ်ခမ်းကို...ဖျတ်ခနဲဖိကိုက်ရင်း..
အကြည့်လွှဲလိုက်မိ၏..** Tao မပါတာနဲ့ ငါ့ကိုမခင်တော့ဘူးလား..ကောင်လေး..ဟင်??**
နှကိုယ်ကြားရုံ..
ခပ်တိုးတိုး...အသံက....
သူ့ရဲ့..ဆွဲဆောင်မှုတခုလို့ပဲပြောရမည်လား...တဖြည်းဖြည်း.. သူ့မျက်နှာက.
..ကျနော့မျက်နှာဆီ..
တိုးကပ်လာသည်ကို..
ခံစားမိသဖြင့်...
အသာနောက်ကို..ယို့လိုက်ရင်း..** ဟင့်..အင်း....မ..မဟုတ်ပါဘူး..**
ကျနော...ကျရှုံးမြဲဖြစ်သော
သူ့ရဲ့အပြုအမူတိုင်း..
လိုက်ပီး..မခံစားချင်ပါလေ..~~ကျနော့ကို တကယ်ပဲ..
ဘာဖြစ်စေချင်နေတာလဲ.. xiao lu ရာ..**အာ့တာဆိုလဲ...ဘာလို့..ငါ့ကိုရှောင်နေတာလဲ?Uni ဘက်ကနေ..မင်းတို့အထက်တန်းဆောင်ဘက်..လာရတာ..လွယ်တယ်များထင်နေလား?**

YOU ARE READING
Sorest [ HunHan ]
Fanfictionအရာအားလုံးက.. အချိန်တန်လို့ ဖြစ်ရတာချည်းပဲ.... ဖြစ်ရပ်တိုင်းမှာ..ကိုယ်က အနာကျင်ဆုံးဖြစ်ခဲ့ရင်တောင်.. ဘုရားသခင်ပေးတဲ့.. အပြစ်ဒဏ်လို့သာသတ်မှတ်လိုက်... တဖြည်းဖြည်းနဲ့. အဲ့ဒီ့အပြစ်ဒဏ်က.... မင်းနဲ့အသားကျလာလိမ့်မယ်...