As long as you love me

2.1K 255 47
                                    

လွဲမှားမှုတိုင်းရဲ့ အစ က အချစ်ကြောင့်လို့

ခေါင်းစဉ်လွယ်လွယ်တတ်ကြပေမဲ့

တကယ်တမ်း အပြစ်ရှိတာ စဉ်းစားနိုင်စွမ်းမဲ့တဲ့ ခံစားလွယ်ပီးမိုက်ရူးရဲဆန်တတ်ကြတဲ့ ကိုယ်ကိုယ်တိုင်ပါပဲ...

လွမ်းမောခြင်းကို တစိမ့်စိမ့်ခံစားနေရမှာထက်စာရင် နီးစပ်နေတဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူအချင်းချင်းပဲ...ငါမင်းကို ပြေးလာကြည့်လို့ရတာပဲ..မင်းနောက်ကျောက ဘက်က ဖြစ်ဖြစ် မင်းမမြင်နိုင်တဲ့ တထောင့်တနေရာကဖြစ်ဖြစ်ပေါ့... ဒါပေမဲ့... ငါမင်းကိုဘယ်တော့မှမကြည့်ဖူး ..ဟွန်း ...

ပုန်းလျှိုးကွယ်လျှိုးနဲ့ သိမ်ငယ်တဲ့လုပ်ရပ်ကြားမှာ ငါ့အချစ်ကို မရောထွေးသွားစေချင်တာကြောင့်ပါ...ဒါကြောင့်

မင်းရှေ့ ရဲရဲဝံ့ဝံ့ ငါ့နှလုံးသားကို မထုတ်ပြနိုင်သေးသရွေ့ ငါက မင်းရဲ့အနီးဆုံးမှာရှိနေတဲ့ မင်းမမြင်နိုင်တဲ့ လူတယောက်ဖြစ်နေဦးမှာပဲ ..ဆယ်ဟွန်း ..





ပြတင်းတံခါးက တိုးဝင်လာသော နံနက်ခင်း လေနုကြမ်းက ပန်းရောင်ဆာကူရာပွင့်တို့ဖြင့် အနားသတ်ထားသည့် လိုက်ကာစဖြူဖြူအားလွင့်ခနဲ ဖြစ်အောင်တိုက်ခတ်နှုတ်ဆက်လာသည်။နွေဦးကာလထဲဝင်နေပီဖြစ်သော်လဲ ဘေဂျင်းနံနက်ခင်းက အနည်းငယ်အေးမြနေဆဲ ..

အပြင်လောကမှ တိုးဝင်လာသော နေရောင်ကြောင့် ပရိဘောဂပစ္စည်းနည်းပါးလှသည့်အိပ်ခန်းကျယ်ဖြူဖြူက ချက်ချင်းလိုလို အမှောင်ရိပ်မရှိလောက်အောင် လင်းသွားလေသည်။

"လုဟန် ထတော့ ..ဒီနေ့ ရှန်ဟိုင်းပွဲသွားရမှာလေ"

ရှောင်ချန်း လက်ထဲမှ ဖုန်းကို ဘောင်းဘီအိပ်ထဲထည့်လိုက်ပီး အိပ်ရာပေါ်အလုံးလိုက်ဖြစ်နေသော စောင်ထပ်ကြီးကို ဆွဲဖယ်လိုက်တော့

နှစ်ယောက်အိပ်ခုတင်ကျယ်ထောင့်တွင် ဒူးနှချောင်းကွေးကာ ကပ်အိပ်နေသော သေးသေးညှပ်ညှပ်ကောင်လေးက ပိုးတုံးလုံးလေးလို အိပ်မောကျနေလေသည်။

"ရှောင်လုဟန်ရေ ..ထဟ ..ရန်အမလာရင် မင်းရော ငါရောအပြောခံရမှာနော်"

Sorest [ HunHan ]Where stories live. Discover now