Sorest (6)_Z+U

5.2K 394 27
                                    

ကျ​နော့​ရှေ့မှ.. တိုက်​ခန်း
Secret code ကို..
တတီတီနှိပ်​​နေသည့်​..
Xiao Lu လက်​​ချောင်း​တေသည်​..
သိသိသာသာ
အလျင်​လို​​​နေသည်​..

ကျ​နောက​တော့
ဓာတ်​​လှေကား..စီးသည်​ပင်​..
တော်​​တော်​ကြာကြာထိ..
စီးရ​သော..
Xiao lu.. ၏.. Apartment သည်​..
ကျ​နော...ထင်​ထားသည်​ထက်​ပင်​..
ပိုမြင့်​သည့်​..
အထပ်​တွင်​..
ရှိ​နေသည်​..မို့...အံ့သြ​နေမိသည်​..မှာ..
ပါးစပ်​ပင်​မစိနိုင်​...

အမြင့်​​ကြောက်​လှပါသည်​ဆို​သော..
ကျ​နော့ချစ်​သူအား..
အခုလိုကျ​တော့..မ​ကြောက်​ဖူးလားဟု...
စစ​နောက်​​နောက်​..​မေးချင်​​သော်​လဲ..
ကား​ပေါ်က​နေ..ယခုအချိန်​ထိ..
စကားတခွန်းပင်​..မဆို​သေးသည့်​..
သူ့​ကြောင့်​..
အသာငြိမ်​​နေရသည်..

** လာ..မြန်​မြန်​ဝင်​...**

တီခနဲ​လော့ပွင့်​သံနှင့်​အတူ..
တံခါးပွင့်​သွားသည်​နှင့်​..
စိတ်​မရှည်​သလို..
ကျ​နော့လက်​​ကော​က်​ဝတ်​ကို...
ဆုပ်​ကိုင်​လာသည့်​..
Xiao lu.. လက်​​​ချောင်း​တေသည်​..
တင်းကြပ်​နေကာ..
Xiao lu..လက်​ဖဝါးပြင်​မှ..
အပူ​ငွေ့တချို့..ထွက်​​နေသလိုပင်​...

တခုခုကို..စိတ်​​စော​နေသလို
မျက်​​ခုံးနှဖက်​ကို..အနည်းငယ်​..
တွန့်​ကုတ်​ထားသည့်​..
Xiao lu.. မျက်​နှာတွင်
အ​ဆောင်​ကို
လိုက်​ပို့​ပေးမည်​ဟုဆိုကာ..
ကျ​နော့ကို.....သူ့ Apartment ရှိရာ..ဆီ
ခပ်​တည်​တည်​ပင်​..
ခေါ်ချလာခြင်းအတွက်​..
နည်းနည်း​လေးမှပင်​...
ကျ​နော..စိတ်​ဆိုးမည်​ကို...စိုးရိမ်​သည့်​..
အရိပ်​အ​ယောင်​..​သေး​သေးပင်​..
မ​တွေ့ရပါ...

အရာရာ ကိုသူ့သ​ဘောအတိုင်းလုပ်​ပီး
ကျ​နော့သ​ဘောထားကို..
မ​မေးရက်​​လေခြင်းဟု..
အနည်းငယ်​.....အပြစ်​တင်​ချင်​မိ​သော်​လဲ..
ကြီးကြီးမားမား..ကိစ္စမျိုးမဟုတ်​ပြန်​၍..
ကျ​နော..​ပြောလိုက်​လို့..
Xiao lu.. စိတ်​ဆိုးသွားမည်​ကို..ပင်
ပိုစိုးရိမ်​​မိသည့်​... ကျ​နော..ရယ်​​လေ..

Xiao lu.. ​ခေါ်​ဆောင်​ရာ
အခန်းထဲဝင်​လိုက်​သည်​နှင့်​..
နွေး​တေး​တေးအခန်းတွင်းမှ..
လေထု က..ကျ​နော့တကိုယ်​လုံးကို..
ထွေးပိုက်​သွားကာ...
လီမွန်အခန်းစပ​ရေးနံ့သင်းသင်းက..
ကျ​နော့ အနံ့ခံအာရုံထဲ...
တိုးဝင်​လာ၏...

Sorest [ HunHan ]Where stories live. Discover now