The Heart

2.4K 246 26
                                    

**ဒီစီးရီးထဲမှာအပြင်က Stage Name တေပဲသုံးထားတာနက်ပက်သက်ပီး ဒါရိုက်တာကြီးဘက်ကဘလိုများစဉ်းစားပီးဆုံးဖြတ်ခဲ့တာလဲ?**

အပြန်အလှန်အမေးအဖြေလုပ်ကြသည့် Talk Show အစီအစဉ်တွင် အညိုရောင် ၀တ်စုံနှင့် လှချင်တိုင်းလှနေသော မေးမြန်းသူမမက စကားအဆုံးတွင် ဆွဲဆောင်မှုရှိသည့် မျက်ဝန်းတေနှင့် ကျနော့ကိုဖျတ်ခနဲလှည့်ကြည့်လေသည်မို့ ထောင့်ဆုံးတွင် ငြိမ်သက်စွာထိုင်နေရင်းမှ ကျနောတောက်ပစွာတန်ပြန်ပြုံးပြလိုက်မိသည်။ဘေးကပ်လျက်တွင် ရှိနေသည့် တစ်စုံတစ်ဦးကြောင့် ကျဉ်းကျဉ်သော စိတ်တို့နှင့် လွတ်လွတ်လပ်လပ်မဖြစ်သည့်ကျနော့လေထုက အနည်းငယ်နည်းပါးလှသော်လဲ ဖန်သားပြင်တွင် လူပေါင်းများစွာ ကြည့်နေသည်ဆိုသောအသိနှင့်တင် ကျနောတကိုယ်လုံးသရုပ်ဆောင်မှုတေက အတိဖုံးလွှမ်းနေလေသည်။

**ကျနောစဉ်းစားခဲ့တာတော့မှန်ပေမဲ့ ကျနော့သဘောနဲ့ဆုံးဖြတ်ခဲ့တာချည်းပဲတော့မဟုတ်ဘူး..ဒါကစာရေးဆရာနဲ့သေချာညှိနှိုင်းပီးမင်းသားတေ.....သဘောတူတယ်ဆိုမှ stage name တေကိုထည့်သွင်းဖို့ဆုံးဖြတ်ခဲ့တာပါ.. **

**သြော်.. စိတ်ဝင်စားစရာပဲနော်...ကျမထင်တယ်..အပြင်က stage name တေကိုအခုလိုထည့်တာက ပရိသတ်တေအတွက် ပိုပီး ရင်ခုန်စရာကောင်းလိမ့်မယ်လို့..**

ရင်ထဲမှ မပါသောအပြုံးတေနှင့် တချက်တချက် ကျနော့ထံရောက်လာတတ်သည့် အမျိုးသမီး၏ကာလာခြယ်သော ညို့မျက်ဝန်းတို့အားသဘောမကျလှသော်လဲ ကျနော အပြုံးမပျက်ပင် သူမမျက်နှာကို ကြည့်နေလိုက်သည်။ လူ့ဘောင်လောကအတွင်း ၀င်ဆံ့ရန်နည်းလမ်းမျိုးစုံကို အလေ့အကျင့်ဖြစ်နေသော ကျနောအတွက် မိန်းမတယောက်ကို ပြုံးပြရသည့်အလုပ်သည် သမရိုးကျတခုသာသာမျှသာ။

**ဒါဆို အားလုံးသိချင်နေကြတဲ့ စီးရီးဘက်ကို သွားကြရအောင်နော်.. အိုဆယ်ဟွန်း မင်္ဂလာပါ..လုဟန် မင်္ဂလာပါ ..**

** ဟုတ်ကဲ့... မင်္ဂလာပါ...**

ကျနောနှင့် သူ့၏နှုတ်ဆက်သံအဆုံးတွင် စင်အောက်ရှိ ပရိသတ်များထံမှ လက်ခုပ်သံညံညံနှင့်အားပေးသံများတခဲနက်ထွက်မေါ်လာလေသည်။ကျယ်လောင်သော အားပေးသံတေထဲတွင် သူ့ပရိသတ်တို့၏ အသံက သိသိသာသာရာခိုင်နှုန်းများလှသည်ကို သတိထားမိတော့ ကျနော တန်းတူသရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင့်သက်သက်ခံစားရသော်လဲ နားမလည်နိုင်သည့် ကျနော့မသိစိတ်တချို့ က လှိုက်လှိုက်လှဲလှဲ ၀မ်းသာနေမိပြန်သည်။

Sorest [ HunHan ]Where stories live. Discover now