** Xiao lu**
Apartment ထဲမှပြေးထွက်လာသည့်..
Hun သည်..
ပန်းနုရောင်.. T shirt ပါးပါးနှင့်..
အားကစားဘောင်းဘီတထည်ကိုသာ..
ဝတ်ထားသည်ကို..မြင်တော့..
ကျနော..ကားပေါ်မှီထားသည့်..
ကိုယ်လုံးကိုအသာမတ်ရင်း
အလိုမကျစွာ
မျက်မှောင်ကျုတ်လိုက်မိသည်..ဆောင်းဦးကာလဖြစ်၍
...နှင်းမကျသေးသော်လဲ..
ဆောင်းရာသီနီးပါးအေးသည့်
နှင်းးငွေ့ပါသောလေတေတိုက်ခတ်နေသည်ကိုတောင်....အေးရကောင်းမှန်းမသိ..ဒီကောင်လေးသည်..
သိပ်ကိုသတ္တိကောင်းလွန်းပုံရသည်..**အပေါ်ဝတ်ဝတ်မလာပြန်ဘူး**
အနည်းငယ်..ပူပန်သွားသည့်
စိတ်ကြောင့်..
ဂရုဏာဒေါသောဆူချင်သော်လဲ..
မျက်စိရှေ့မှ..
အရွယ်ရောက်ပီးသည့်
ယောကျာ်းလေးတန်မဲ့..
ဖြူစင်လွန်းသော..မျက်နှာကြောင့်..
အသာမြိုချလိုက်ရသည်...သိသိသာသာ..
ချောင်ကျသွားသည့်..
မျက်နှာနှင့်..
ပါးလှပ်လှပ် ခန္ဓာကိုယ်က
လေတိုက်လျှင်..ပင်..
လဲတော့မည့်.. Hun ၏အခြေအနေသည်
ကျနော့ကြောင့်
ဆိုသည့်အတွေးက
ခေါင်းထဲအလိုလိုတိုးဝင်လာတော့..
နာကျင်မိသည်..~~ကျနော..ဒီလိုကောင်လေးကိုများ..
ဘလိုအတွေးတေနဲ့အရောင်ဆိုးဖို့..
ကြိုးစားခဲ့မိပါလိမ့်နော..**Hun ရယ်**
ကျနောရင်ထဲ....ဝမ်းနည်းစိတ်တို့..
လျှံတက်လာတော့
သူ့မျက်နှာအား....လက်ချောင်းတို့နှင့်..
ခပ်ဖွဖွတို့ထိမိသည်...၄လွှာရှိသော...တိုက်၏..
အပေါ်ဆုံးထပ်
အဆောင်မှခုန်ပျံဆင်းလာပုံရသော..
သူကတော့....ကလေးတယောက်လို...
အသက်ရှုသံပြင်းပြင်းကြားမှ ...
ကျနော့ကို..မချိသွားဖြဲ
ရီပြလေ၏..လခြမ်းကွေးလို...ခုံးခုံးလေးဖြစ်သွားသည့်
မျက်ဝန်းလေးနှဖက်နှင့်
......မရှိမဲ့ရှိမဲ့ပါးမှ..အသားလေးတေက..
အပေါ်ကိုမို့တက်သွားသည့်..
Hun..မျက်နှာနုနုက..... လမ်းမီးတိုင်မှ..အလင်းရောင်သဲ့သဲ့အောက်တွင်.....အားနည်းကာ
မှိန်ဖျော့နေသော်လဲ
ကျနော့နှလုံးသားကို..
လှုပ်ယမ်းနိုင်ဆဲပင်ြဖစ်သည်.

YOU ARE READING
Sorest [ HunHan ]
Fanfictionအရာအားလုံးက.. အချိန်တန်လို့ ဖြစ်ရတာချည်းပဲ.... ဖြစ်ရပ်တိုင်းမှာ..ကိုယ်က အနာကျင်ဆုံးဖြစ်ခဲ့ရင်တောင်.. ဘုရားသခင်ပေးတဲ့.. အပြစ်ဒဏ်လို့သာသတ်မှတ်လိုက်... တဖြည်းဖြည်းနဲ့. အဲ့ဒီ့အပြစ်ဒဏ်က.... မင်းနဲ့အသားကျလာလိမ့်မယ်...