မြင်ကွင်းထဲမှ..တစတစ
ဝေးကွာသွားသည့်..
Taxi ကားဝါဝါက..
ဘာကြောင့်မှန်းမသိ..
ကျနော့စိတ်အား..လေးလံစေသလိုပင်...ကားထဲမဝင်ချင်၍...
ငြင်းဆန်နေခဲ့သည့်..
မျက်နှာဖြူလျော့လျော့ကို..
မြင်ယောင်မိတော့..
နောင်တ ဆိုသည့်အရာက..
မဖိတ်ခေါ်ပါဘဲ..ရောက်လာသေးသည်..Hun က..ChanYeol အပေါ်..
သိပ်အားကိုးတာ..
ကျနောသိရက်နဲ့...~~တကယ်ဆို..ကျနောကိုယ်တိုင်လိုက်ပို့သင့်တာကိုလေ..
ထွက်လွယ်သည့်..
ကျနော့ဒေါသတေကိုသာ..
အပြစ်ပုံချရုံကလွဲပီး...
ကျနောဟာ..ထိုအချိန်က..
သိပ်နုံအလွန်းခဲ့သည်..ကျနောမှားခဲ့တယ်..
ဟုတ်တယ်..
ကျနောအရမ်းကိုမှားခဲ့တာ...
..
..တခါက..မြင်ခဲ့ဖူးသော
ဆံရှည်ကောင်လေးနှင့်အတူ..
ကောင်လေးတေတရုန်းရုန်းကြား..
Hun ကို..တွေ့လိုက်ရသည့်..
တခဏ..ကျနော့အသိစိတ်တေက.
လွတ်ထွက်သွားခဲ့ပီး.......
တစိမ်းတယောက်လို..ပြောင်းလဲသွားခဲ့ခြင်းက..
အစပြု၍ပြောဖို့ရည်ရွယ်ချက်မရှိပါဘဲ..
Hun ကို စကားကြမ်းကြမ်းတေ..
ဆိုမိခဲ့ပီး..ကျနော့ထက်..ရော..
Hun ထက်ပါ..ငယ်သည့်..
ကောင်လေးတေကြား..
အရှက်ရစရာကိစ္စတေ...လုပ်မိခဲ့သည်...ထွက်လွယ်..ထိန်းခက်တဲ့..
ကျနော့ဒေါသတေကြောင့်..
ဆင်ခြင်တုံတရားတေဘေးချိတ်ကာ..
လူကြားထဲ.. Hun ကို..
ဆွဲလား..ရမ်းလာနှင့်..
သောင်းကျန်းမိခဲ့သေးသည်..~~ အာ..ကျနော...သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ
အသစ်အသစ်တေနှင့်..
အချိန်ပြည့်စိတ်ဝင်စားစရာတေသာ..
ပြည့်နေခဲ့တဲ့..ကျနော့အနာဂတ်ကိုတောင်
Hun အချစ်တခုတည်းနဲ့..
ရောင့်ရဲပါ့မယ်.
ဆိုပီး.... ဆုံးဖြတ်ချက်ချထားပီးမှတော့..
ဘာမဟုတ်တဲ့ကိစ္စလေးတခုနှင့်..
ကျနော..Hun အား..
အယုံအကြည်မပျယ်သင့်ပါ..ကျနော..ယုံကြည်ခဲ့သင့်သည်..
Hun..အချစ်အား..
ကျနော
အကြွင်းမဲ့..
ယုံကြည်ခဲ့သင့်သည်.....
..ဖေဖေရှိသည်ဆိုသော
စာကြည့်ခန်းထဲကို...ရောက်တော့..
ခပ်အေးအေးပင်..
စာအုပ်တအုပ်အား..
စိတ်ဝင်တစားဖတ်နေသည့်.
ဖေဖေ့ကိုတွေ့ရသည်.
YOU ARE READING
Sorest [ HunHan ]
Fanfictionအရာအားလုံးက.. အချိန်တန်လို့ ဖြစ်ရတာချည်းပဲ.... ဖြစ်ရပ်တိုင်းမှာ..ကိုယ်က အနာကျင်ဆုံးဖြစ်ခဲ့ရင်တောင်.. ဘုရားသခင်ပေးတဲ့.. အပြစ်ဒဏ်လို့သာသတ်မှတ်လိုက်... တဖြည်းဖြည်းနဲ့. အဲ့ဒီ့အပြစ်ဒဏ်က.... မင်းနဲ့အသားကျလာလိမ့်မယ်...