"မင်း.သူ့ဘဝကို ဖြတ်ဆီးနေတာကွ....."အကျီကော်လာစကို ဆုပ်ကိုင်ထားသော.
လက်တွေကို ခပ်ဖြည်းဖြည်းလွှတ်ပီး
Chenကပြောလာသည်......အံကြိတ်ထားသော Chenရဲ့မေးရိုးတို့က
ထောင်ထနေသည်....Chenက
Chanyeolဘက်ကနေပီး မခံမရပ်နိုင်ဖြစ်နေရသူ
....
Cctv မှတဆင့်
Computerမွာပေါ်နေသော ခုတင်ပေါ်မှာ
ခွေခွေလေးအိပ်ပျော်နေသော Chanyeol ကို
ခနမျှစိုက်ကြည့်ပီးမွ Chen သက်ပြင်းချသည်.....Yi Fan ကလဲ Chen ကြည့်ရာကို လိုက်ကြည့်နေရင်း
စူးရဲနေသော
မျက်လုံးတွေဖျော့ကျသွားသည်.....သို့သော် အံတချက်ကြိတ်လိုက်ပီး......
"ဖြတ်ဆီးတာ....... ဟက်...
သူကသူ့ဘာသာငါ့ရှေ့ရောက်လာပီး
ငါပြုသမျှနုနေတာလေ..""ကျွတ် Wu Yi Fan ......
မင်းတရားလွန်နေပီ..
အဲ့ခလေး.....
အရမ်းငယ်သေးတာ...
သူ စိတ်ကစားလှုပ်ရှားပီးမင်းကို ချစ်နေလို့ ..
မင်းကိုသူမက်မောတွယ်တာနေတာလေ တကယ်ဆို..."စကားကို.ဆက်မပြောပဲရပ်လိုက်တာ မှန်သွားသည်...
Yi Fan ရဲ့မျက်ဝန်းတွေက ပိုပီးစူးရဲလာကြတော့
"မင်းရဲ့ အမုန်းအငြှိုးတွေနဲ့သူက...."
"ဆိုင်တယ် သူက Park Suhoရဲ့သားဖြစ်နေတယ်လေ"
"ကျွတ် Yi Fan"
"အဲ့စကားတွေပဲ မင်းထပ်ပြောမယ်ဆို ပြန်တော့
Jong Dae"သူ့နာမည်အရင်းကိုပါခေါ်လာပီဆိုတော့
Yi Fan တော်တော်
ဒေါသထွက်နေမှန်းChenကသိပါသည်....နောက်ဆုံးတချက်Computerကို ခပ်ငေးငေးကြည့်ပီးမွ Chen က ထွက်သွားသည်......
ခပ်တိုးတိုးပြောသွားသည်က
"မင်း အချိန်လွန်မွ နောင်တမရစေနဲ့ကြာ"
********$|$|$|***********
"ကျွတ် ဟေ့"
သူ Chanyeol မေးစေ့လုံးလုံးလေးကို
ခပ်ကြမ်းကြမ်းလှုပ်ယမ်းနေသော်လည်း Chanyeol က
လူးလွန့်မလာခဲ့....."ဟေး သတိထားစမ်း"
ပါးပြင်ကို ခပ်ဆတ်ဆတ်ပုတ်နေမိတာ နဂို
နူးညံ့နေသော ပါးပြင်တစ်ဖတ်နီရဲလာသည်အထိ....