"အာ ဘာလို့အဲ့လောက် ကြည့်နေတာလဲ"Chanyeol က နီရဲနေသော
မျက်နှာကို လက်ဖဝါးနဲ့အုပ်ပီး.....
တစ်ဖတ်သို့လှည့်လိုက်သည်.......Yi Fan က လက်မောင်း
တဖတ်ကနေဆွဲလှည့်ကာ....
သူ့ရင်ခွင်ထဲ ဖွဖွလေးဆွဲသွင်းလိုက်သည်....အမှန်ကိုပင် ပင်ပန်းနေသော
သူ့ရဲ့အသက်ရှုသံတိုးတိုးက
Chanyeol ကို ရုန်းထွက်ဖို့
မော့လျော့စေခဲ့သည်...."တောင်းပန်ပါတယ် ......
တောင်းပန်ပါတယ် "ဗလုံးဗထွေး ရေရွတ်နေသော
တုန်ခိုက်နေသော အသံနဲ့အတူ...
ရှိုက်ငို နေသော သူ့ရဲ့ကျောပြင်ကို
ခပ်ဖွဖွလေး ပွတ်သပ်ပေးနေမိသည်......."သွားရအောင်လေ...."
သူ နဲနဲတည်ငြိမ်သွားမှ သတိပေးမိသည်...
နဖူးပြင်ဆီ တိုးကပ်လွှာသော
နှုတ်ခမ်းလွှာကို ရှောင်ဖို့ စိတ်ကူးမရှိပဲ
မျက်ဝန်းတွေ မှိတ်ထားပေးမိသည်........*******************
"သခင်လေး Yi Fan ဟင်!! Chanyeol "
"ဟုတ်တယ် ဦးကိုလာခေါ်တာ..."
Yi Fan ဘာမှမပြောရသေးပဲ
Chanyeol က ချွဲနေကြ အသံလေးနဲ့ပြောတော့
Kiraက ပြုံးသွားလေသည်...."ဘာလို့ လိုက်လာတာလဲ ခရီးပန်းမယ်ဟာကို
Yeol လေးရော နေကောင်းရဲ့လား...."ဖျော့နေသော မျက်နှာကို သတိထားမိပုံရပီး
Kiraက အားနာစွာ ဆိုလာသည်...."ကူညီပေးသင့်တာပေးမို့ပါ ပီးတော့
မင်းငါ့ဆီမှာ အလုပ်လာပြန်လုပ်ပါ....""ဦး ကတိပေးထားတာ မေ့နေပီလား..."
Kira ရော Yi Fan ရော
မျက်လုံးပြူးနဲ့လှည့်ကြည့်လေသည်...."သူက သားကို နောက်ထပ်နှိပ်စက်ရင်
ဘေးမှာ အတူရှိပေးမယ်ဆို..."Kira က မျက်ရည်ဝဲကာ ခေါင်းငုံ့သွားလေသည်....
"တောင်းပန်ပါတယ် ကျနော့်ကြောင့်...."