"အိပ်ချင်ရင် အိပ်လေ မောင်းရမှာ ဝေးတယ်"ထိုင်ခုံကို နောက်ကို လှန်ချပေးရင်း သူပြောတော့
မျက်လုံးတွေမှိတ်ထားမိပါသည်.....ကားကို ရပ်လိုက်တာကြောင့် မျက်လုံးဖွင့်ကြည့်တော့
သူ့လက်ထဲမှာ စောင်ပါးလေးတထည်.....ခပ်နွေးနွေးပြုံးပြကာ
တစ်ကိုယ်လုံးကို သေချာလွှမ်းခြုံပေးပီး....."ပင်ပန်းနေလိုက်မယ်
အိပ်ပျော်အောင်အိပ်လိုက်နော်"နဖူးပြင်ကို ခပ်ဖွဖွလာပွတ်ကာ
ချော့မော့ပြောနေသော
သူ့ပုံရိပ်ဟာ တကယ်ကိုပဲ
သိပ်ချစ်တတ်တဲ့ သူတစ်ယောက်နဲ့တူနေပါသည်.....အဲ့အပြုအမူတွေကြောင့် Chanyeol နှလုံးသားထဲမှာလဲ တအုံနွေးနွေး.......
ဟန်ဆောင်မှုတွေ ကွာကျသွားမှာဆိုးမိတယ်.....
မျက်လုံးတွေကို ဇွတ်အတင်းမှိတ်ထားမိတော့
တကယ်ကိုပဲ အိပ်ပျော်သွားခဲ့ပါသည်.......သူ နိုးလာတော့ ကားရပ်ထားပီး
Wu Yi.Fan လဲမရှိ.....ထိတ်လန့်မှုက နှလုံးခုန်သံတွေ မြန်လာတဲ့အထိ....
ကားတံခါးကို ဖွင့်ဖို့ ကြိုးစားတော့
လော့ခ် ချသွားပုံရကာ ဖွင့်လို့မရ....၅မိနစ်လောက်ကြာတော့ သူရောက်လာသည်...
လက်ထဲမှာလဲ အထုပ်တွေနဲ့ ....."အော် ခလေး နိုးနေပီလား
ဆောရီး ကြောက်နေသေးလား
မနှိုးရက်လို့ မခေါ်သွားတာပါ...""အဲ့တာ ဘာတွေလဲ¿¿"
"အဝတ်အစားတွေနဲ့ စားစရာတချို့တလေပါ..
Yeol.ပျင်းရင်စားဖို့...
ကားက အကြာကြီး မောင်းရအုံးမှာ....."ပြောနေရင်း လက်ကလဲ
အအေးဗူးကို ဖောက်ပေးပီး လှမ်းပေးနေသည်....
အသားညှပ်ပေါင်မုန့်ကိုပါ
အိတ်ထဲမှဖောက်ပေးပီး
လက်ထဲကိုသေချာထည့်ပေးလေသည်.....