"Papa Papa""ဟင်..."
အားကိုးတကြီး တမ်းတသံလေးရယ်...
အဖျားအရှိန်နဲ့ အိပ်ပျော်နေစဉ်မှာတောင်
မျက်ဝန်းထောင့်မှ စီးဆင်းသွားသော မျက်ရည်စတွေရယ်ကြောင့်...လက်ချောင်းနုနုလေးတွေကို သူဆုပ်ကိုင်ထားပေးမိသည်....
အလန့်တကြားပွင့်လာသော မျက်ဝန်းတွေမှာ
အစိမ်းသက်သက်အကြည့်တွေနဲ့အတူ သူဆုပ်ကိုင်ထားသော လက်ချောင်းလေးတွေကို မသိမသာ
ရုန်းထွက်သွားလေသည်...."သက်သာရဲ့လား.."
ခေါင်းအသာ ညိတ်ပြပီး ငုတ်တုတ်ထ ထိုင်ပီး
သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသော အကြည့်တွေမှာ
ပါဝင်နေသည်က သိပ်ကိုစိမ်းသက်နေသော
အငွေ့အသက်တွေ....ဟင့်အင်း အဲ့ဒီ အကြည့်တွေက နာကျင်စေလိုက်တာ...
ဟိုအရင်ကလို အချစ်တွေအပြည့်နဲ့ ရွှန်းရွှန်းလက်လက် မျက်ဝန်းလေး ဘယ်မှာလဲ¿¿¿¿¿¿¿
ခု ဒီအကြည့်တွေမှာ ဗလာ သပ်သပ်....
Chanyeolက သူ့မျက်နှာဆီကနေ အကြည့်လွှဲသွားပီး
ခပ်တိုးတိုးပြော လိုက်သောစကားသံက သူ့ခေါင်းကို တူနဲ့ထုလိုက်သလိုလို....ထုံကျင်သွားစေခဲ့သည်.....
"Papa ဆီကို ဖုန်းဆက်ပေးပါ ဒါမှမဟုတ်
ကျနော့်ဖုန်းပြန်ပေးပါ.."တလုံးချင်းပြောသော စကားသံလေးမှာ
တည်ငြိမ်မှုတွေရှိနေသည်......ခေါ်လာထဲက ပစ္စည်းတွေအကုန် သိမ်းထားသည်မို့ ပြောလိုက်ခြင်းရယ်ပါ......
မယုံသလိုကြည့်နေသော Yi Fanရဲ့မျက်ဝန်းတွေထဲ စေ့စေ့ပြန်ကြည့်နေသည့် မျက်ဝန်းလှလှတွေမှာ
အရည်ကြည်လေးတွေဝဲနေပေမယ့်......."ဘာပြောမှာလဲ"
သူ့အသံက မာလိုက်တာ...
တဆိတ်!!!!!! ခု ခင်ဗျား ဒေါသထွက်ရမယ့်
အချိန်မဟုတ်ဘူးနဲ့တူတယ်နော်......