ခွဲစိတ်ခန်းဝကို မျှော်ကြည့်နေသော
မျက်ဝန်းတစ်စုံ...နီရဲနာကျင်နေသော
မျက်ဝန်းတွေက စိုးရိမ်ခြင်းသရုပ်ကို ဖော်ကြူးနေကြသည်...လှုပ်ရှားမှုပျောက်နေပေမယ့်
ပါးပြင်ပေါ်မှ အဆက်မပြတ်စီးဆင်းသွားသော
အရာတွေဟာ ...
မျက်ရည်စတွေ....ခွဲခန်း တံခါးပွင့်လာတာနှင့်
နှယောက်သား အပြေးတပိုင်းသွားမိသည်..."အသက်အန္တရယ် မစိုးရတော့ပါဘူး
ခွဲစိတ်မှု အောင်မြင်ပါတယ်...
ဒါပေမယ့် စောင့်ကြည့်ရပါမယ်...""ကျေးဇူးတင်ပါတယ် Doctor..."
Suho ရော သူရောမျက်ရည်တွေနဲ့
ကျေးဇူးစကားဆိုမိကြသည်.....သတိမရသေးသော Chanyeolဘေးမှာ
တချိန်လုံး သူစောင့်နေခဲ့သည်.....တခုသော မနက်ခင်းရဲ့နေရောင်ခြည်အောက်မှာ
ပင်ပန်းနေတဲ့အရှိန်တွေနဲ့ Chanyeol ရဲ့
ခုတင်ပေါ် မျက်နှာမှောက်ကာ
သူ အိပ်ပျော်နေခိုက်...."Fan Fan...."
လက်ကို လှုပ်ရမ်းနေသော အထိအတွေ့ရယ်...
ဖျော့တော့နေသည့် အသံတိုးတိုးလေးရယ်
ကြောင့် သူ အလန့်တကြားနိုးလာခဲ့သည်...Chanyeol ရဲ့ အသံလေး ဟုတ်ပါစေ....
ပီးတော့ ဒီအသံလေးကို ဘဝတစ်လုံးစာ
အမြဲတမ်း ကြားခွင့်ရပါစေ....****** ************* *******
သာယာလှပသော မနက်ခင်းတစ်ခု....
ပြတင်းကနေ တိုးဝင်လာသော
နေခြည်နွေးနွေးကြောင့် Yi Fan ရဲ့
မျက်ဝန်းတို့ ဖြည်းညင်းစွာ ပွင့်လာကြသည်.....မျက်လုံးဖွင့်ကြည့်တာနဲ့
မြင်လိုက်ရသော ရင်ခွင်ထဲက မျက်နှာလေးကြောင့်
ကြည်နူးနေသော အပြုံးတစ်ခုနဲ့
မနက်ခင်းကို စတင်လိုက်ပါသည်.......နဖူးပြင်ကို ဖွဖွလေး နမ်းပီး...
ဖက်ထားတာကို အသာလေး ခွာလိုက်သည်....