တလမ်းလုံးလဲ ပူလောင်နေတဲ့ ရင်ဘတ်ကြီးနဲ့ သူအံကိုကြိတ်ထားမိသည်....သူ့ကြောင့်...
သူ့ကြောင့် Chanyeol သာ တစ်ခုခုဖြစ်သွားခဲ့ရင်....ဟင့်အင်း တွေးတောင် မတွေးရဲဘူး......
"ဒီနေရာကို မင်းဘယ်လိုသိတာလဲ"
"ကျနော် Chanyeol အကြောင်းစုံစမ်းထားလို့ပါ"
"ဘာ... အဲ့ဒါဆို သူ့မှာ ဒီရောဂါရှိနေတာ မင်းသိတယ်ပေါ့"
Kiraက ခေါင်းညိတ်ပီး ငြိမ်သက်သွားခဲ့သည်..
"Chanyeòl က မပြောပြနဲ့ဆိုလို့ပါ"
"ဘာ..."
"သခင်လေး သိသွားရင်
သူ့ကို ပြန်ပို့မှာဆိုးလို့ပါတဲ့""တောတ်"
မချင့်မရဲတောတ် ခေါက် ရုံမှ လွဲပီး
သူဘာမှ မတတ်နိုင်ခဲ့ပေ......Emergency Roomရှေ့မှာ
မမြင်ရတဲ့ အထဲကိုငေးရင်း ငြိမ်သက်နေသော Suho...လူရိပ်တွေ့လို့ထင်သည်....
မော့ကြည့်လာပီး သူ့ကိုမြင်တော့ မျက်နှာပြန်လွှဲသွားခဲ့သည်....
သူလဲ မမြင်ရသော အထဲကို မျှော်ကြည့်ရင်း..
သူ့ရင်ထဲမှာ တဆစ်ဆစ်နာကျင်လာသည်......
"သူ သူကောင်းသွားမှာပါနော်..."
သူ့ကိုတအံ့တသြ ကြည့်နေပီး အတန်ကြာမှ
ခပ်လေးလေး သက်ပြင်းတစ်ချက်နဲ့အတူ.....
"ဖြစ်နေကြပါပဲ ကောင်းသွားမှာပါ...
ဒါပေမယ့်.."Suhoက ပြောလက်စကိုရပ်ပီး မျက်ရည်ဝိုင်းနေသော
Yi Fanရဲ့မျက်ဝန်းတွေထဲ ထပ်ကြည့်ပီးမှ....."အဲ့လိုခနခနဖြစ်နေတာတွေကြောင့်
သူ့ရဲ့အသက်ရှိနေရမယ့် အချိန်တွေ နည်းသွားမှာ
စိုးရိမ်ရတယ်"ပါးပြင်နှဖက်မှာ.ပူနွေးနွေးစီးဆင်းသွားလေသည့်အရာတွေက မျက်ရည်တွေ.....