Part..(5)

6.5K 533 33
                                    


အချိန်က တိုတိုလေးပဲ....

ဒါပေမယ့် နှလုံးသား တစ်ခုကိုသိမ်းပိုက်ဖို့ကြတော့
လုံလောက်ခဲ့ပါသည်........

Chanyeol ရဲ့ နှလုံးသားကို အချိန်တိုလေးအတွင်းမွာ သိမ်းပိုက်နိုင်ခဲ့တာ သူ သိပ်တော်လွန်းနေလို့ပဲလား.....

Chanyeol ကပဲ သိပ်ကိုရိုးသားလွန်းလို့လား.....

သူ့ရဲ့ဟန်ဆောင်အပြုံးတွေကို မမြင်နိုင်အောင်ထိ
ဒီခလေး ဖြူစင်ခဲ့ပါသည်.......

သူတို့နှယောက်ချစ်သူတွေဖြစ်ပီး
နှစ်ကြိမ်တွေ့ဆုံမှုမှာတင်....

"Fan Fanကို အရမ်းလွမ်းနေတာပဲ"

ဘေးမှာထိုင်နေတာမို့ သူ့လက်မောင်းကို ပါးနဲ့ပွတ်ကာပြောလာသည်....

ခပ်နွေးနွေးပါးပြင်လေးဆီမှ နူးညံ့မှုကို လက်မောင်းဆီမွာ ခံစားနေရသည်.......

"ဟုတ်လား.."

"တွေ့ပီးရင်လဲ ထပ်တွေ့ချင်နေတာပဲ
တစ်ခါတလေ ကျရင် ရူးချင်မိတယ်..."

ကပ်ထားရာကနေ ခြာပီး မော့ထားသော
နှုတ်ခမ်းဆူဆူကပိုပီး ဆူထော်နေသလိုလို.....

စေ့စေ့ကြည့်မိတဲ့လူအဖို့
စိတ်ထဲတစ်စုံတစ်ခုကို လိုချင်တက်မက်မိဖို့ထိ
ဆုတောင်းကောင်းခဲ့တယ်နဲ့တူတယ်.....

"ဟုတ်လား အဲ့ဒါဆို ကိုယ့်အတွက်နဲ့အရာရာကိုစွန့်လွှတ်နိုင်လား....."

Chanyeolက မျက်လုံးဝိုင်းလေးတွေနဲ့မော့ကြည့်လာပီးမွ....

"ဘာကို ဆိုလာတာလဲ Fan Fan"

"အထူးသဖြင့်
မင်းရဲ့Papaပေါ့...
မင်းလို ခလေးကို ကိုယ့်လို သူ့အရွယ်
ယောကျားတယောက်နဲ့တော့ ဘယ်လိုမွသဘောတူမှာ မဟုတ်ဘူး မဟုတ်လား..."

ချက်ချင်း မျက်နှာလေးက ညှိုးကျသွားပီးမှ

"ဟုတ်တယ်နော်... ဟင့်"

တကယ်ကို အငိုသန်တဲ့ ခလေးပဲ...

Suhoတို့ ဘယ်လိုမ်ား မွေးခဲ့ပါလိမ့်......

ဘယ်တောင်တောင်များယုယခဲ့ကြလို့ အသက်၁၈နှစ်ရှိပီဖြစ်သော်လည်း ငါးနှစ်သားအရွယ် ခလေးဆန်တဲ့အပြုအမူမျိုးတွေရှိရတာပါလိမ့်......

His Regretحيث تعيش القصص. اكتشف الآن