"Yi Fan ya..."အိပ်ပျော်နေသော Chanyeol ရဲ့
လက်တဖတ်ကို ဆုပ်ကိုင်ကာ Chanyeol
မျက်နှာလေးကို စိုက်ကြည့်နေသော
Yi Fan ရဲ့ ပခုံးတဖတ်ကို
ဆုပ်ကိုင်ရင်း Suho က ခေါ်လေသည်....သူ သိပ်ကြောက်နေမိသည်...
Chanyeol တစ်ခုခုဖြစ်သွားမှာကို...
ဒါကြောင့်
Chanyeolအသက်ရှုနေတာလေးတွေက
အစ သူ သတိထားပီး စောင့်ကြည့်နေမိတာ...မျက်တောင်လေး တစ်ချက်လှုပ်လာရင်.
နှုတ်ခမ်းလေး တစ်ချက်
ပွင့်အာလာခဲ့ရင်....
ဒါတွေဟာ သူ့အတွက်
အရမ်း အရေးပါလွန်းနေခဲ့သည်........"Doctor က ပြောစရာရှိလို့တဲ့
မင်းနဲ့ငါနဲ့သွားရအောင်လေ....""အော် အင်း..."
Chanyeol နဖူးပြင်လေးကို ဖွဖွလေးနမ်းပီးမှ
သူ ထရပ်လေသည်.....နှယောက်လုံးရဲ့ ရင်ထဲက အပူကြောင့်
စကားတောင် မဆိုမိကြ....မျက်ရည်ဝိုင်းနေသော မျက်ဝန်းတွေက
မည်မျှ စိတ်ထိခိုက်နေသလဲဆိုတာ..
ဖော်ပြနေကြသည်.......Doctor ရဲ့ ရုံးခန်းကို
ဖွင့်ဖို့မရဲသလို တုန်ရီနေကြသည်....သက်ပြင်းတစ်ချက်နဲ့အတူ တံခါးဖွင့်လိုက်တော့
Doctor က အားပေးသလိုပြုံးပြလေသည်...."Chanyeol ရဲ့ အခြေအနေကို
ကျနော် တို့ အားမရဘူးဗျာ...
ဖြစ်နိုင်ရင် ခွဲစိတ်စေချင်တယ်...""ဟုတ်ကဲ့ အဲလိုဆိုရင် ကောင်းလာနိုင်မလား..."
"သေချာတော့ မပြောနိုင်ပေမယ့်
ခုလို တိုးတတ်မလာတာထပ်တော့
အဆင်ပြေသွားလိုက်မယ် အဲ့ဒီတော့
ခင်ဗျားတို့ သေချာစဉ်းစားပါ...."********************
"ဘယ်သွားတာလဲ¿¿"
သူတို့ပြန်လာတော့ Chanyeol က နိုးနေပီ...
ဝမ်းသာစရာက Oxygen ပိုက်ကို ဖြုတ်ထားပီး
စကားပြောနိုင်နေပီ...."Fan Fan..."
ဟင်...
ခလေးက Fan Fan ဆိုပီး ပြန်ခေါ်လိုက်တာခါလား ...