One Years Later....
အရမ်းကြာခဲ့တဲ့အချိန်တော့မဟုတ်ပါဘူး.....
ဒါပေမယ့် တစ်ချို့သော ဒါဏ်ရာတွေ
သွေးတိတ်ဖို့တော့ လုံလောက်ခဲ့ပါတယ်....သူမရှိတဲ့နေရာ...
သူနဲ့မတွေ့နိုင်တဲ့နေရာတွေကို....
ရှောင်ဖယ်သွားခဲ့ပေမယ့်..........ပြန်လာဖြစ်ခဲ့ပါတယ်.....
လူသစ် စိတ်သစ်နဲ့ ....
သူနဲ့မသက်ဆိုင်တဲ့ ဘဝအသစ်ကို
ဖန်တီးချင်မိခဲ့ပေမယ်......Wu Yi Fanရေ
ခင်ဗျားက ကျနော့်အတွက် နတ်ဆိုးတကောင်ပဲ....
မေ့ဖျောတ်ဖို့ကြိုးစားနေရင်း
ပိုတိုးပီး သတိရနေတဲ့သူ........မုန်းတီးဖို့ကြိုးစားရင်း...
တသိမ့်သိမ့်သတိရနေရတဲ့သူ.......အဝေးကြီးမှာနေနေပေမယ့်...
အချိန်တိုင်းသူ့ဘေးရှိနေချင် စေခဲ့တဲ့သူ.....ကိုယ့်ကို လှည့်စားခဲ့လို့ စိတ်နာတာကသပ်သပ် ..
သူ တကယ်များ......
ချစ်ခဲ့လေမလားဆိုတဲ့ .....
မျှော်လင့်ချက် ပါးပါးလေးက သပ်သပ်နဲ့......ရူးရူးသွပ်သွပ် လွမ်းနေရတဲ့နေရက်တွေကြီးပဲ.....
သူပို့နေတဲ့စာတွေ မပြန်ပေမယ့်
ဖတ်မိတိုင်း ပြုံးမိစေတာ......
သိပ်လွမ်းကြောင်းသူပြောထားရင်.....
ယုံမိတဲ့ ကိုယ့်စိတ်ကိုယ်လဲ မညာချင်ခဲ့ပါ.......******¿¿¿¿¿¿¿¿¿¿¿¿¿**********
"ဟျောင့် မင်းရဲ့ stalker လား?"
ပြုံးစိစိ Kai ရဲ့အမေးကြောင့် တနေရာသို့
မကြည့်မိစေရန် နှုတ်ခမ်းကို ကိုက်ရင်း ထိန်းမိသွားသည်....ဘေးတစောင်းမကျတကျမှာ
စက္ကန့်မလပ်ကြည့်နေသော
စူးရှရှ မျက်ဝန်းတစ်စုံရှိနေသည်....ပြောလဲ ပြောချင်စရာ.....
Seoul ကိုပြန်ရောက်နေပီဆိုတာ
ဘယ်လိုသိလဲမသိ.....တကောက်ကောက်နောက်ကနေ လိုက်နေတာ ၃ရက်လောက်ရှိနေပီ.....