Part-4

10.4K 1.1K 16
                                    

မင်းကြီး နံဘေးလေးမတ်တပ်ရပ်ပြီး လာရောက်တည်ခင်းတဲ့ ပွဲတော်တည်သလို ခမ်းနားတဲ့ အစားအသောက်တွေကို ကြည့်ကာ BaekHyun တအံတသြဖြစ်နေသည်

"ဆန်းကြယ်လိုက်တာ"

အကုန်တိတ်ဆိတ်နေတဲ့အချိန် တအံ့တသြ ပြောထွက်သွားတဲ့ စကားကြောင့် ရှန့်ကုန်းတွေ နန်းတွင်းသူတွေ အလန့်တကြား မော့ကြည့်မိကြပေမယ့် ပြုံးတော်မူနေတဲ့ မင်းကြီးကြောင့် ခေါင်းပြန်ငုံ့နေရရှာတယ်

"ဗိုက်ဆာနေပြီလား"

Chanyeol အမေးကို BaekHyun ခေါင်းတဆက်ဆက်ငြိမ့်ကာ မျက်ဝန်းတလက်လက်ဖြင့် အဖြေပြန်ပေးလေတယ်

တည်ခင်းထားတဲ့ စားတော်ပွဲကို Chanyeol သုံးဆောင်နေတာကို ကြည့်ပြီး Baekhyun မျက်နှာလေးငယ်နေတာမို့ သူ စိတ်မကောင်းဖြစ်မိသည် BaekHyun သာအနားမှာရှိရင် အလိုလိုနေရင်းကို စိတ်ချမ်းသာနေမိလို့ ဘေးနားမှာ ခစားခိုင်းထားတာ ကလေးကို နှိပ်စက်နေသလိုများ ဖြစ်လေရော့သလား

"ဂင်ရှန့်ကုန်း သူ့အတွက်ပါ ပြင်ပေးလိုက်ပါ"

"မင်းကြီး ဒီလိုလုပ်လို့ မဖြစ်ပါဘူး မင်းကြီးနဲ့ ဘယ်သူကမှ အတူစားခွင့်မရှိ.."

ဝုန်းးးးခွမ်းးး

ဒေါသတကြီးနဲ့ စားပွဲပေါ်ရှိသမျှ ပန်းကန်တွေ ခွက်တွေကို တွန်းချလိုက်တဲ့ မင်းကြီးကိုကြည့်ပြီး BaekHyun လန့်သွားသလို မင်းကြီး စားသောက်နေစဉ်အတွင်း မတ်တပ်ရပ်ခစားနေရတဲ့ ရှန့်ကုန်းတွေနဲ့ နန်းတွင်းသူတွေလဲ ကြောက်ဒူးတုန်ကုန်ကြတယ်

"ငါ မင်းကြီးကို ဘာစည်းကမ်းမှ လာထုတ်နေစရာမလိုဘူး နောက်တစ်ခါ ကြင်ယာတော် မင်းသားငယ်နဲ့ ပက်သတ်သမျှ လာဟန့်တားတဲ့ လူရှိရင် ငါကိုယ်တိုင် သုတ်သင်ပစ်မယ်!!!"

Chanyeol အင်မတန်မှ ဒေါသထွက်မိသည် တော်ရုံတန်ရံဆို မိရိုးဖလာတွေ ထုံးတမ်းအစဉ်လာတွေကို မသွေဖီပေမယ့် BaekHyun နဲ့ ပက်သတ်လာရင်တော့ သူ ဒါတွေကို အလွန် မုန်းမိလေတယ်

"နောက်ကလိုက်ခဲ့"

BaekHyun ကို တစ်ချက်ကြည့်ကာ ပြောပြီး ထွက်သွားတော့ နောက်ကနေ ခေါင်းလေးငုံ့ပြီး အမြန်လိုက်ရရှာတယ် ခြေတံရှည်လို့များ လမ်းလျှောက်မြန်နေလေသလား ~

The Light Of EgoTahanan ng mga kuwento. Tumuklas ngayon